သောင်သဲပေါ်တွင်၊ ရေမတင်သို့၊
အမြင်နည်းပါး၊ သူမိုက်နား၌၊
တရားဘယ်ခါ၊ မတည်ရာဘူး၊
မိစ္ဆာဖျင်းသုန်း၊ တရားမုန်းက၊
ပျက်ပြုန်းကြောင်းသာ၊
မချွတ်စွာတည့်။
(မဃဒေဝ)
သဲသောင်ပြင်ပေါ်တွင်ရေမတင်သကဲ့သို့
သုမိုက်တို့သည် မည်သို့ပင်တရားဟောကြားသော်လည်း
နားမဝင်ကြပေ။
တရားတော်ကို မလိုက်နာမုန်းတီးသူတို့သည်
ပျက်စီးခြင်းအကြောင်းသာဖြစ်ချေသည်။
Saturday, March 11, 2017
သောင်သဲပေါ်တွင်၊
ကိုအောင် ငြီးတဲ့ ၂၀၁၇နေ့စွဲများ အပိုင်း(၁) ဩော်-ခင်ရယ်
ကိုအောင် ငြီးတဲ့ ၂၀၁၇နေ့စွဲများ
အပိုင်း(၁) ဩော်-ခင်ရယ်
♡♡♡♡
ဩော်---ခင်ရယ်
နေနိုင်လိုက်တာကွယ်----
မင်းရိုးသားတာကို
ကိုယ်လေးစားပါတယ်----
မင်းဘယ်လို
တာဝန်ယူခဲ့တာလဲ
မင်းမသင်ပြခဲ့ဘူးလားကွယ်----
မောင့်ကိုတောင်လေ
သူတို့မုန်းလာကြပြီကွယ်----
နောက်ဆိုရင် မောင်----?
တက္ကသိုလ်စာသင်သား(4:3:2017)
ဒီနိုင်ငံတော်
♢♢♢♢♢ဒီနိုင်ငံတော်♢♢♢♢♢
♡♡♡
ဩော်
ငါတို့နိုင်ငံ ဒီနိုင်ငံသည်
ဒီဟန်နှင့်သွား ဒီစိတ်ထားဖြင့်
ဒီမှားဘယ်ချိန် မှန်အံ့နည်း။
ဒီလူပြုထား ဒီစကားသည်
တရားပါစေ ဂုဏ်တင့်စေတော့
ပြင်လေခုပြောင်း ဒီလမ်းဟောင်းတည်း။
ဒီခေတ်ဒီခါ ဒီပြည်မှာကား
ဘာသာဘေးဖယ် ဒေါ်လာတွယ်လျက်
အစ်ဝယ်ညွှတ်တွား ဒီမတ်များနှင့်
ဒေါ်လာကိုဖား မီဒီများသည်
ဒီမှားကြာသော် မလွယ်တည်း။
(၁၃:၁၂:၁၃၇၈)
(10:3:2017)
တက္ကသိုလ်စာသင်သား
မြန်မာပြည်ရဲ့ဝီရသူ
မြန်မာပြည်ရဲ့ဝီရသူ
♡♡♡♡♡
ဝီရသူဆိုတာ အာဇာနည်ကွဲ့
ဆင်ခြေဆင်လက် ကင်းတယ်ကွယ်။
ဘာမရှိလို့ ဘာမလုပ်ဟု
ဘာ့ကြောင့် ညာကြောင့် မကာကွယ်။
ဓားတိုရင်ကွယ် ဓားရှည်မတောင်ဘူး
ရှိတဲ့ဓားနဲ့ တိုက်ပြတယ်။
မိစ္ဆာဆိုတာ ဘယ်လိုပါဟု
ဘယ်အတွက်ကွယ့် ဘယ်လိုလုပ်တယ်။
ဘယ်တိုင်းဘယ်ရွာ ဘယ်နိုင်ငံမှာ
ဘယ်လိုနည်းနဲ့ စစ်ခင်းတယ်။
ဒို့တိုင်းပြည်မှာ ဘယ်မိစ္ဆာက
ဘယ်ကောင်ဘာနဲ့ ဘယ်လိုပေါင်းတယ်။
ဝီရသူဆောင်ထား ဓမ္မဓားက
ဟောထက်ပြောထက် အရေးထက်တယ်။
တရားမဟောရ မိစ္ဆာတားတော့
ကလောင်သွားတော့ ပိုထက်ဖွယ်။
အတွင်အပြင် မိစ္ဆာရန်ကို
ကလောင်ထုတ်လို့ ပြတော့မယ်။
များမကြာကွယ် ဘယ်သူဘာဟု
ကလောင်ပြလို့ တို့သိမယ်၊--သိမယ်-သိဖွယ်။
(၁၄:၁၂:၁၃၇၈)
(11:3:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊မန္တလေး
Wednesday, March 1, 2017
ကြည့်သမျှ မှတ်မရ ကျက်ဖြေရ ခေတ်သစ် ကျမ်းတက်ကွ
ကြည့်သမျှ မှတ်မရ ကျက်ဖြေရ
ခေတ်သစ် ကျမ်းတက်ကွ
♡♡♡♡♡♡♡
အရှင်အဋ္ဌကထာဆရာ,ဆရာသည်, စစ်ကိုင်းတံတား၌ ကုန်းကြီး(၆)ကုန်ရှိသည်ဟု ဆိုတော်မူ၏။
စစ်ကိုင်း၌ မယ်နုအုတ်ကျောင်းလည်း ရှိသည်မဟုတ်ပါလော။
အဘယ့်ကြောင့် ဦးပိန်တံတားကို သစ်သားဖြင့် ဆောက်ထားပါသနည်း။
ဤသို့မေးဖွယ်ရှိ၍ မန္တလေးကိုမိန့်။
အဓိပ္ပါယ်ကား မန္တလေးတောင်၌ မြွေကြီးနှစ်ကောင် ရှိ၏ ဟူလိုသော်ဝ်။
Tuesday, February 28, 2017
အလွမ်းကြားက ချစ်သစ္စာ
အလွမ်းကြားက ချစ်သစ္စာ
(နှလုံးသားထဲက အတွေးတစ်စိတ်)
-------
ချစ်သူရေ
မောင်မှာ အလွမ်းတွေအတွက်
သင်္ချာတွေ တွက်နေမိပါတယ်-----------------
ချစ်သူရေ
ချစ်သူနှုတ်ဆက်ခဲ့တဲ့ good night ရဲ့
နောက်မှာ ကျန်နေခဲ့မိနစ်တွေဟာ
ဘယ်သူကို ပေးနေသလဲလို့
ပုစ္ဆာတွေ မေးနေမိခဲ့ပါတယ်---------------
ချစ်သူရေ
Viberနဲ့ စာတွေပို့ချိန်
စက္ကန့်မခြားSeenဟု မြင်ရတဲ့အခါ
အမြဲပျော်ရွှင်နေရပေမဲ့
မိနစ်တွေ ခြားသွားရင်တော့
ဘယ်သူနဲ့ ပြောနေသလဲလို့
စောဒနာ အတွေးတွေနဲ့
ပုစ္ဆာတွေ မေးနေမိတယ်--------------------
ချစ်သူရေ
delivered ပြတဲ့အခါမှာတော့
ကိုယ်ချစ်သူ နောက်တစ်ယောက်နဲ့ပြောနေပြီလို့
အတွေးတွေက နှလုံးသားကို
ဒဏ်ရာရအောင် နှိက်စက်နေမိတယ်---------------
ချစ်သူရေ
အင်တာနက် ဖွင့်မိတိုင်း
ချစ်သူရဲ့ Viber နှင့် messenger လေးပေါ်
လက်ညိုးထောက်လိုက်မိခဲ့တယ်------------
ကိုယ်ပို့ထားတဲ့ စာလေးတွေဟာ
delivered လေးပဲပြနေတဲ့အချိန်
လိုင်းပေါ်က ချစ်သူ ဆင်သွားပြီ
ငါ့ Viber နှင့် messenger ကို
သူ မကြည့်ခဲ့ပါလားလို့
စိတ်ညစ်နေမိတယ်---------------------
ချစ်သူရေ
မင်းရဲ့ ဥပေက္ခာနေ့ညတွေထဲက
စက္ကန့် မိနစ် နာရီတွေကို
ချုပ်ချယ် တာမြစ်ခွင့် မရှိပေမဲ့
ဆုတောင်းခွင့်လေးရတိုင်း
မောင့်အပေါ် အချစ်တွေ မရော့ပါစေနဲ့လို့
ဆုတောင်းနေမိတယ်----------------------
ဒါဟာ
ချစ်သူကို မပြောဖြစ်ခဲ့တဲ့
နှလုံးသားထဲက အတ္တအတွေးတစ်စိတ်ပေါ့လေ
ကိုအောင်-ဧရာဖြေ(16-9-2016)
အဆင်သင့် မဖြစ်သော်လည်း
အဆင်သင့် မဖြစ်သော်လည်း
♡♡♡♡♡♡
ဖန်တီယူလိုမရတဲ့အထဲမှာ
ချစ်စိတ်လည်းပါတယ်-------ဗျာ
အားနာလို့ချစ်တဲ့ အချစ်ဟာ
အားမနာချင်တော့တဲ့အချိန်မှာ
ပျောက်ကွယ်သွားနိုင်တယ်
အဲဒီအချိန်အတွက် အဆင်သင့်ဖြစ်ပြီလား?
သနားလို့ ချစ်တဲ့ အချစ်ဟာ
ဒေါသတွေ ဖြစ်လာတဲ့အချိန်မှာ
ပျောက်ကွယ်သွားနိုင်တယ်
အဲဒီအချိန်အတွက် အဆင်သင့်ဖြစ်ပြီလား?
သူငယ်ချင်တွေကြာထဲမှာ
ဂရုစိုက်ပြလို့ချစ်တဲ့အချစ်ဟာ
ဂရုမစိုက်တော့တဲ့အချိန်မှာ
ပျောက်ကွယ်သွားနိုင်တယ်
အဲ့ဒီအချိန်အတွက် အဆင်သင့်ဖြစ်ပြီလား?
မောင်အလင်းအိမ်(27-9:2016)