Saturday, December 31, 2016

မြင်ကြားခွင့်လေးပေးပါနော်

မြင်ကြားခွင့်လေးပေးပါနော်
♡♡♡

ပိုင်ဆိုင်ခွင်မရမှန်း သိလျက်နဲ့
ရှေ့ဆက်နေမိတာ

ရိုးသားတဲ့ မင်းမျက်လုံးလေးကို
စွဲလမ်းနေလို့
ဖြူစင်တဲ့ မင်းအပြုံးလေးကို
သဘောကျနေလို့
အေးချမ်းတဲ့ မင်းအသံလေးကို
တန်းဖိုးထားနေလို့

မင်းမရှိတဲ့ ငါဘဝ
အချစ်မဲ့ ကမ္ဘာဖြစ်ခိုက်
အလွမ်းအိပ်မက်တွေ မက်ခွင့်ရဖို့
စိတ်ကူးယဉ် အတွေးတွေနဲ့
နှလုံးသားအလွမ်း ဖြေခွင့်ရဖို့

အတ္တကို ခဝါချနိုင်ပေမဲ့
အတ္တဆန်မိတာလေး တစ်ခုကတော့
 
အလွမ်းဖြေစရာ အစားမထိုးနိုင်လို
ဖြစ်နိုင်တဲ့ အချိန်လောက်ထိ
မြင်နေခွင့် ကြားနေခွင့်လေး ရချင်မိတယ်
ခွဲချိန်တန်ရင် အပြုံးနဲ့နှုတ်ဆက်ပေးပါမယ်---A.NO

No comments:

Post a Comment