Thursday, March 16, 2017

စိတ်ကူယဉ် ပန်းချီကာ

စိတ်ကူယဉ် ပန်းချီကာ
♢♢♢♢♢♢

ရှု့ခင်ကို ငေးမောရင်
သဘာဝအလှကို ခံစာမိခဲ့
အနားမှာ ဘယ်သူမှမရှိ
ငါက ပထမပေါ့-----

စုတ်တံလေးကိုကိုင်
ပန်းချီဆရာ စတိုင်နဲ့
အလှပဆုံး မြင်ကွင်းကို
ငေးမောလို့ ပန်းချီဆွဲခဲ့---

လောကကို စိန်ခေါ်တယ်
ငါ့ပန်းချီကား ဘယ်သူယှဉ်မလဲ?

ထိုစဉ်
""ဖျောင်း-ဖျောင်း-ဖျောင်း""
ဆရာ ဆရာပန်းချီကားက
တကယ် လက်ရာမြောက်တယ်----

လက်ခုတ်သံရဲ့ မရှေးမနှောင်းမှာ
စကားသံတွေ ကြားလိုက်ရတယ်--

ငါအချိန်အကြာကြီး
စိတ်ကူးယဉ်ခဲ့တဲ့ ပန်းချီကာချပ်
အခုတော့
ပန်းချီဆရာ တစ်ယောက်က
Good Byeတောင် နှုတ်ဆက်နေပြီ----

                                        အလင်းအိမ်(ဧရာမြေ)15,3,2017

ပစ္စုပ္ပန်ကို သတိထားပါ

ပစ္စုပ္ပန်ကို သတိထားပါ
    ♢♢♢♢

အနာဂတ်ပြိုင်ပွဲအတွက်
ကိုယ့်ရဲ့ပစ္စုပ္ပန်ကို ကြည့်နေကြတယ်။ ။

မင်းက ဘာလဲ?
ငါ-ဘာ, သူ-ဘာ, ဆိုပြီးတော့
အတိတ်ကို လက်ညိုးထိုးမနေနဲ့ ။ ။

အတိတ်ဆိုတာ
အနာဂတ်အတွက်
အာမခံ ဝန်ဆောင်မှုကို
အပြည့်အဝ မပေးနိုင်ဘူး ။ ။

ပစ္စုပ္ပုန်ကသာ
အနာဂတ်အတွက်
အာမခံ ဝန်ဆောင်မှုကို
အပြည့်အဝ ပေးနေတာ ။ ။

ကိုယ့်ရဲ့ ပစ္စုပ္ပန်
လုပ်ဆောင်ချက်တွေဟာ
ကိုယ်ရဲ့အနာဂတ်တွေပဲ ။ ။

မနက်ဖြန် အတွက်လား?
နောက်လ အတွက်လား?
နောက်နှစ် အတွက်လား?
နောက်ဘဝ အတွက်လား?
ဘာအတွက်ပဲဖြစ်ဖြစ်
အနာဂတ်အားလုံးလုံးအတွက်
ပစ္စုပ္ပန်အလုပ်ကို သတိထားဖို့လိုတယ်
ဒါ့ကြောင့် ပစ္စုပ္ပန်ကို သတိထားပါ ။ ။

                                              (၃ံ:၁၂:၁၃၇၈)
                                            (15:3:2017)
                                   တက္ကသိုလ်စာသင်သား
                           သာသနာ့တက္ကသိုလ်၊မန္တလေး

Tuesday, March 14, 2017

ဒီနိုင်ငံတော်


♢♢♢♢♢ဒီနိုင်ငံတော်♢♢♢♢♢
                    ♡♡♡
ဩော်
ဒီတို့နိုင်ငံ ဒီနိုင်ငံသည်
ဒီဟန်နှင့်သွား ဒီစိတ်ထားဖြင့်
ဒီမှားဘယ်သို့ မှန်အံ့နည်း။

ဒီလူပြုထား ဒီစကားသည်
တရားပါစေ ဂုဏ်တင့်စေတော့
ပြင်လေခုပြောင်း ဒီလမ်းဟောင်းတည်း။

ဒီခေတ်ဒီခါ ဒီပြည်မှာကား
ဘာသာဘေးဖယ် ဒေါ်လာတွယ်လျက်
အစ်ဝယ်ညွှတ်တွား ဒီမတ်များနှင့်
ဒေါ်လာကိုဖား မီဒီများသည်
ဒီမှားကြာသော် မလွယ်တည်း။

                                           (၁၃:၁၂:၁၃၇၈)
                                            (10:3:2017)
                                   တက္ကသိုလ်စာသင်သား
                           သာသနာ့တက္ကသိုလ်၊မန္တလေး

တရုပ်ကုလား တိုင်းရင်းသားဟု
ဖားသားဝန်ယုတ် ကြေငြာထုတ်သည်
အမျိုးယုတ်တို့ ခေတ်ကောင်းတည်း။

မြန်မာပြည်ရဲ့ဝီရသူ

မြန်မာပြည်ရဲ့ဝီရသူ
♡♡♡♡♡

ဝီရသူဆိုတာ အာဇာနည်ကွဲ့
ဆင်ခြေဆင်လက် ကင်းတယ်ကွယ်။

ဘာမရှိလို့ ဘာမလုပ်ဟု
ဘာ့ကြောင့် ညာကြောင့် မကာကွယ်။

ဓားတိုရင်ကွယ် ဓားရှည်မတောင်ဘူး
ရှိတဲ့ဓားနဲ့ တိုက်ပြတယ်။

မိစ္ဆာဆိုတာ ဘယ်လိုပါဟု
ဘယ်အတွက်ကွယ့် ဘယ်လိုလုပ်တယ်။

ဘယ်တိုင်းဘယ်ရွာ ဘယ်နိုင်ငံမှာ
ဘယ်လိုနည်းနဲ့ စစ်ခင်းတယ်။

ဒို့တိုင်းပြည်မှာ ဘယ်မိစ္ဆာက
ဘယ်ကောင်ဘာနဲ့ ဘယ်လိုပေါင်းတယ်။

ဝီရသူဆောင်ထား ဓမ္မဓားက
ဟောထက်ပြောထက် အရေးထက်တယ်။

တရားမဟောရ မိစ္ဆာတားတော့
ကလောင်သွားတော့ ပိုထက်ဖွယ်။

အတွင်အပြင် မိစ္ဆာရန်ကို
ကလောင်ထုတ်လို့ ပြတော့မယ်။

များမကြာကွယ် ဘယ်သူဘာဟု
ကလောင်ပြလို့ တို့သိမယ်၊--သိမယ်-သိဖွယ်။

                                           (၁၄:၁၂:၁၃၇၈)
                                            (11:3:2017)
                                   တက္ကသိုလ်စာသင်သား
                           သာသနာ့တက္ကသိုလ်၊မန္တလေး

ပစ္စုပ္ပန်ကို သတိထားပါ

ပစ္စုပ္ပန်ကို သတိထားပါ
    ♢♢♢♢

အနာဂတ်ပြိုင်ပွဲအတွက်
ကိုယ့်ရဲ့ပစ္စုပ္ပန်ကို ကြည့်နေကြတယ်။ ။

မင်းက ဘာလဲ?
ငါ-ဘာ, သူ-ဘာ, ဆိုပြီးတော့
အတိတ်ကို လက်ညိုးထိုးမနေနဲ့ ။ ။

အတိတ်ဆိုတာ
အနာဂတ်အတွက်
အာမခံ ဝန်ဆောင်မှုကို
အပြည့်အဝ မပေးနိုင်ဘူး ။ ။

ပစ္စုပ္ပုန်ကသာ
အနာဂတ်အတွက်
အာမခံ ဝန်ဆောင်မှုကို
အပြည့်အဝ ပေးနေတာ ။ ။

ကိုယ့်ရဲ့ ပစ္စုပ္ပန်
လုပ်ဆောင်ချက်တွေဟာ
ကိုယ်ရဲ့အနာဂတ်တွေပဲ ။ ။

မနက်ဖြန် အတွက်လား?
နောက်လ အတွက်လား?
နောက်နှစ် အတွက်လား?
နောက်ဘဝ အတွက်လား?
ဘာအတွက်ပဲဖြစ်ဖြစ်
အနာဂတ်အားလုံးလုံးအတွက်
ပစ္စုပ္ပန်အလုပ်ကို သတိထားဖို့လိုတယ်
ဒါ့ကြောင့် ပစ္စုပ္ပန်ကို သတိထားပါ ။ ။

                                              (၃ံ:၁၂:၁၃၇၈)
                                            (15:3:2017)
                                   တက္ကသိုလ်စာသင်သား
                           သာသနာ့တက္ကသိုလ်၊မန္တလေး

Saturday, March 11, 2017

သောင်သဲပေါ်တွင်၊

သောင်သဲပေါ်တွင်၊ ရေမတင်သို့၊
အမြင်နည်းပါး၊ သူမိုက်နား၌၊
တရားဘယ်ခါ၊ မတည်ရာဘူး၊
မိစ္ဆာဖျင်းသုန်း၊ တရားမုန်းက၊
ပျက်ပြုန်းကြောင်းသာ၊
မချွတ်စွာတည့်။
(မဃဒေဝ)
သဲသောင်ပြင်ပေါ်တွင်ရေမတင်သကဲ့သို့
သုမိုက်တို့သည် မည်သို့ပင်တရားဟောကြားသော်လည်း
နားမဝင်ကြပေ။
တရားတော်ကို မလိုက်နာမုန်းတီးသူတို့သည်
ပျက်စီးခြင်းအကြောင်းသာဖြစ်ချေသည်။

ကိုအောင် ငြီးတဲ့ ၂၀၁၇နေ့စွဲများ အပိုင်း(၁) ဩော်-ခင်ရယ်

ကိုအောင် ငြီးတဲ့ ၂၀၁၇နေ့စွဲများ
အပိုင်း(၁) ဩော်-ခင်ရယ်
             ♡♡♡♡

ဩော်---ခင်ရယ်
နေနိုင်လိုက်တာကွယ်----

မင်းရိုးသားတာကို
ကိုယ်လေးစားပါတယ်----

မင်းဘယ်လို
တာဝန်ယူခဲ့တာလဲ
မင်းမသင်ပြခဲ့ဘူးလားကွယ်----

မောင့်ကိုတောင်လေ
သူတို့မုန်းလာကြပြီကွယ်----

နောက်ဆိုရင်  မောင်----?

                                 တက္ကသိုလ်စာသင်သား(4:3:2017)

ဒီနိုင်ငံတော်

♢♢♢♢♢ဒီနိုင်ငံတော်♢♢♢♢♢
                    ♡♡♡
ဩော်
ငါတို့နိုင်ငံ ဒီနိုင်ငံသည်
ဒီဟန်နှင့်သွား ဒီစိတ်ထားဖြင့်
ဒီမှားဘယ်ချိန် မှန်အံ့နည်း။

ဒီလူပြုထား ဒီစကားသည်
တရားပါစေ ဂုဏ်တင့်စေတော့
ပြင်လေခုပြောင်း ဒီလမ်းဟောင်းတည်း။

ဒီခေတ်ဒီခါ ဒီပြည်မှာကား
ဘာသာဘေးဖယ် ဒေါ်လာတွယ်လျက်
အစ်ဝယ်ညွှတ်တွား ဒီမတ်များနှင့်
ဒေါ်လာကိုဖား မီဒီများသည်
ဒီမှားကြာသော် မလွယ်တည်း။

                                                              (၁၃:၁၂:၁၃၇၈)
                                                              (10:3:2017)
                                                     တက္ကသိုလ်စာသင်သား

မြန်မာပြည်ရဲ့ဝီရသူ

မြန်မာပြည်ရဲ့ဝီရသူ
♡♡♡♡♡

ဝီရသူဆိုတာ အာဇာနည်ကွဲ့
ဆင်ခြေဆင်လက် ကင်းတယ်ကွယ်။

ဘာမရှိလို့ ဘာမလုပ်ဟု
ဘာ့ကြောင့် ညာကြောင့် မကာကွယ်။

ဓားတိုရင်ကွယ် ဓားရှည်မတောင်ဘူး
ရှိတဲ့ဓားနဲ့ တိုက်ပြတယ်။

မိစ္ဆာဆိုတာ ဘယ်လိုပါဟု
ဘယ်အတွက်ကွယ့် ဘယ်လိုလုပ်တယ်။

ဘယ်တိုင်းဘယ်ရွာ ဘယ်နိုင်ငံမှာ
ဘယ်လိုနည်းနဲ့ စစ်ခင်းတယ်။

ဒို့တိုင်းပြည်မှာ ဘယ်မိစ္ဆာက
ဘယ်ကောင်ဘာနဲ့ ဘယ်လိုပေါင်းတယ်။

ဝီရသူဆောင်ထား ဓမ္မဓားက
ဟောထက်ပြောထက် အရေးထက်တယ်။

တရားမဟောရ မိစ္ဆာတားတော့
ကလောင်သွားတော့ ပိုထက်ဖွယ်။

အတွင်အပြင် မိစ္ဆာရန်ကို
ကလောင်ထုတ်လို့ ပြတော့မယ်။

များမကြာကွယ် ဘယ်သူဘာဟု
ကလောင်ပြလို့ တို့သိမယ်၊--သိမယ်-သိဖွယ်။

                                           (၁၄:၁၂:၁၃၇၈)
                                            (11:3:2017)
                                   တက္ကသိုလ်စာသင်သား
                           သာသနာ့တက္ကသိုလ်၊မန္တလေး

Wednesday, March 1, 2017

ကြည့်သမျှ မှတ်မရ ကျက်ဖြေရ ခေတ်သစ် ကျမ်းတက်ကွ

ကြည့်သမျှ မှတ်မရ ကျက်ဖြေရ
ခေတ်သစ် ကျမ်းတက်ကွ
♡♡♡♡♡♡♡

အရှင်အဋ္ဌကထာဆရာ,ဆရာသည်, စစ်ကိုင်းတံတား၌ ကုန်းကြီး(၆)ကုန်ရှိသည်ဟု ဆိုတော်မူ၏။

စစ်ကိုင်း၌ မယ်နုအုတ်ကျောင်းလည်း ရှိသည်မဟုတ်ပါလော။

အဘယ့်ကြောင့် ဦးပိန်တံတားကို သစ်သားဖြင့် ဆောက်ထားပါသနည်း။

ဤသို့မေးဖွယ်ရှိ၍ မန္တလေးကိုမိန့်။

အဓိပ္ပါယ်ကား မန္တလေးတောင်၌ မြွေကြီးနှစ်ကောင် ရှိ၏ ဟူလိုသော်ဝ်။