Saturday, March 11, 2017

သောင်သဲပေါ်တွင်၊

သောင်သဲပေါ်တွင်၊ ရေမတင်သို့၊
အမြင်နည်းပါး၊ သူမိုက်နား၌၊
တရားဘယ်ခါ၊ မတည်ရာဘူး၊
မိစ္ဆာဖျင်းသုန်း၊ တရားမုန်းက၊
ပျက်ပြုန်းကြောင်းသာ၊
မချွတ်စွာတည့်။
(မဃဒေဝ)
သဲသောင်ပြင်ပေါ်တွင်ရေမတင်သကဲ့သို့
သုမိုက်တို့သည် မည်သို့ပင်တရားဟောကြားသော်လည်း
နားမဝင်ကြပေ။
တရားတော်ကို မလိုက်နာမုန်းတီးသူတို့သည်
ပျက်စီးခြင်းအကြောင်းသာဖြစ်ချေသည်။

No comments:

Post a Comment