Thursday, March 16, 2017

စိတ်ကူယဉ် ပန်းချီကာ

စိတ်ကူယဉ် ပန်းချီကာ
♢♢♢♢♢♢

ရှု့ခင်ကို ငေးမောရင်
သဘာဝအလှကို ခံစာမိခဲ့
အနားမှာ ဘယ်သူမှမရှိ
ငါက ပထမပေါ့-----

စုတ်တံလေးကိုကိုင်
ပန်းချီဆရာ စတိုင်နဲ့
အလှပဆုံး မြင်ကွင်းကို
ငေးမောလို့ ပန်းချီဆွဲခဲ့---

လောကကို စိန်ခေါ်တယ်
ငါ့ပန်းချီကား ဘယ်သူယှဉ်မလဲ?

ထိုစဉ်
""ဖျောင်း-ဖျောင်း-ဖျောင်း""
ဆရာ ဆရာပန်းချီကားက
တကယ် လက်ရာမြောက်တယ်----

လက်ခုတ်သံရဲ့ မရှေးမနှောင်းမှာ
စကားသံတွေ ကြားလိုက်ရတယ်--

ငါအချိန်အကြာကြီး
စိတ်ကူးယဉ်ခဲ့တဲ့ ပန်းချီကာချပ်
အခုတော့
ပန်းချီဆရာ တစ်ယောက်က
Good Byeတောင် နှုတ်ဆက်နေပြီ----

                                        အလင်းအိမ်(ဧရာမြေ)15,3,2017

No comments:

Post a Comment