Tuesday, February 28, 2017

အလွမ်းကြားက ချစ်သစ္စာ

အလွမ်းကြားက ချစ်သစ္စာ
(နှလုံးသားထဲက အတွေးတစ်စိတ်)
-------
ချစ်သူရေ 
မောင်မှာ အလွမ်းတွေအတွက်
သင်္ချာတွေ တွက်နေမိပါတယ်-----------------

ချစ်သူရေ
ချစ်သူနှုတ်ဆက်ခဲ့တဲ့ good night ရဲ့
နောက်မှာ ကျန်နေခဲ့မိနစ်တွေဟာ
ဘယ်သူကို ပေးနေသလဲလို့
ပုစ္ဆာတွေ မေးနေမိခဲ့ပါတယ်---------------

ချစ်သူရေ
Viberနဲ့ စာတွေပို့ချိန်
စက္ကန့်မခြားSeenဟု မြင်ရတဲ့အခါ
အမြဲပျော်ရွှင်နေရပေမဲ့
မိနစ်တွေ ခြားသွားရင်တော့
ဘယ်သူနဲ့ ပြောနေသလဲလို့
စောဒနာ အတွေးတွေနဲ့
ပုစ္ဆာတွေ မေးနေမိတယ်--------------------

ချစ်သူရေ
delivered ပြတဲ့အခါမှာတော့
ကိုယ်ချစ်သူ နောက်တစ်ယောက်နဲ့ပြောနေပြီလို့
အတွေးတွေက နှလုံးသားကို
ဒဏ်ရာရအောင် နှိက်စက်နေမိတယ်---------------

ချစ်သူရေ
အင်တာနက် ဖွင့်မိတိုင်း
ချစ်သူရဲ့ Viber နှင့် messenger လေးပေါ်
လက်ညိုးထောက်လိုက်မိခဲ့တယ်------------

ကိုယ်ပို့ထားတဲ့ စာလေးတွေဟာ
delivered လေးပဲပြနေတဲ့အချိန်
လိုင်းပေါ်က ချစ်သူ ဆင်သွားပြီ
ငါ့ Viber နှင့် messenger ကို
သူ မကြည့်ခဲ့ပါလားလို့
စိတ်ညစ်နေမိတယ်---------------------

ချစ်သူရေ
မင်းရဲ့ ဥပေက္ခာနေ့ညတွေထဲက
စက္ကန့် မိနစ် နာရီတွေကို
ချုပ်ချယ် တာမြစ်ခွင့် မရှိပေမဲ့
ဆုတောင်းခွင့်လေးရတိုင်း
မောင့်အပေါ် အချစ်တွေ မရော့ပါစေနဲ့လို့
ဆုတောင်းနေမိတယ်----------------------

ဒါဟာ
ချစ်သူကို မပြောဖြစ်ခဲ့တဲ့
နှလုံးသားထဲက အတ္တအတွေးတစ်စိတ်ပေါ့လေ

            ကိုအောင်-ဧရာဖြေ(16-9-2016)

အဆင်သင့် မဖြစ်သော်လည်း

အဆင်သင့် မဖြစ်သော်လည်း
♡♡♡♡♡♡

ဖန်တီယူလိုမရတဲ့အထဲမှာ
ချစ်စိတ်လည်းပါတယ်-------ဗျာ

အားနာလို့ချစ်တဲ့ အချစ်ဟာ
အားမနာချင်တော့တဲ့အချိန်မှာ
ပျောက်ကွယ်သွားနိုင်တယ်
အဲဒီအချိန်အတွက် အဆင်သင့်ဖြစ်ပြီလား?

သနားလို့ ချစ်တဲ့ အချစ်ဟာ
ဒေါသတွေ ဖြစ်လာတဲ့အချိန်မှာ
ပျောက်ကွယ်သွားနိုင်တယ်
အဲဒီအချိန်အတွက် အဆင်သင့်ဖြစ်ပြီလား?

သူငယ်ချင်တွေကြာထဲမှာ
ဂရုစိုက်ပြလို့ချစ်တဲ့အချစ်ဟာ
ဂရုမစိုက်တော့တဲ့အချိန်မှာ
ပျောက်ကွယ်သွားနိုင်တယ်
အဲ့ဒီအချိန်အတွက် အဆင်သင့်ဖြစ်ပြီလား?
 

                   မောင်အလင်းအိမ်(27-9:2016)

ချစ်သူရေ See first ဖြုတ်ခွင့်ပြုပါ

ချစ်သူရေ See first ဖြုတ်ခွင့်ပြုပါ
***********

ချစ်သူရေ----
ဆရာဇော်ဂျီလိုတော့ ညီသစ်ဆင်ခေါ်ကာ
ကဗျာနဲ့ ပုဂံဘုရားကို
ပူဇော်ဖို့ စာရေးသလို့ မဟုတ်ပါဘူး။
မောင်ကို See first ဖြုတ်ခွင့်ပြုဖို့ပါ။

ချစ်သူရေ----
ယခုခေတ် ပြယုဂ်ကို
စကားပြေထုတ်ကာ Facebook အသုံးလေးကို နားလည်မိသွားလို့ပါ၊၊ အကုန်တော့ မဟုတ်ဘူး
၉၉ရာခိုင်နှုန်း အသုံးပြုပုံလေးပါ။

ချစ်သူရေ----
မင်းကို မပြောပါဘူး
ငါတို့ခေတ်
ယခုခေတ်
တို့ခေတ် ဒီမိုခေတ်
အများပိုင်ခေတ်
ငါမပိုင်ခေတ် သူပိုင်ခေတ်
တက်တွဲချစ် ကျူတွဲခေတ်
သူငယ်ချင်ခေတ် ချစ်သူပစ်ပယ်တဲ့ခေတ်
ဒီခေတ်
ချုပ်လိုက်တော့ Facebook ခေတ်ပေါ့။

ချစ်သူရေ----
Facebook က စကားပြောလာတယ်။
မင်း Facebookမှာ
မင်းချစ်သူ account အပ်ထားလား?
ဒါဆိုရင် See first လုပ်မထားပါနဲ့
See first လုပ်ထားလို့
မင်းချစ်သူက မင်းကို
တိုးပြီးချစ်လာမှာမဟုတ်ဘူး----
မင်းထက်ပို့ပြီး See first လုပ် Tagတွဲထားသူတွေ
သူ့မှာ အများကြီးပဲ-----တဲ့
ချစ်သူကို See first လုပ်ထားမိရင်တော့ မင်းခံစားရလိမ့်မယ်၊ မင်းမှာ တခြားရွေးစရာ
ချစ်သူရှိသေးတယ်ဆိုရင်တော့ မင်းဟာ အရမ်းမချစ်မိသူမို့ ခံနိုင်ရည် ရှိချင်ရှိမှာပါ၊
မင်းမှာ တခြာချစ်သူ မရှိရင်တော့
မင်းခံစာရမယ်---တဲ့

ချစ်သူရေ----
Facebook က ထပ်ပြောသေးတယ်၊
မင်းရဲ့စာမျက်နှာကို မင်းချစ်သူက
တစ်လတစ်ခါတောင်ဝင်မကြည့်ပေမဲ့
မင်ချစ်သူက သူ့သူငယ်ချင်းတွေနဲ့
like လုပ် commentsတွေ
ဖလှယ်နေကြမြဲပါ----တဲ့

ချစ်သူရေ----
Facebook က ပြောသေးတယ်
မင်းချစ်သူမှာ သူငယ်ချင်းတွေပေါတယ်
ခင်ချင်လို့ တက်တွဲသူတွေ
ကြိုက်လို့ တက်တွဲသူတွေ
ကျူချင်လို့ တက်တွယ်သူတွေ-အများကြီးပါ-တဲ့

ချစ်သူရေ----
Facebook က ပြောသေးတယ်
ကျူချင်လို့ Tagတွဲ
Tagတွဲမှ ခင်မင်တဲ့ခေတ်
ကျူသူမှ စကားပြောချင်တဲ့ခေတ်
မြှောက်မှ ဂုဏ်ထင်တဲ့ခေတ်
သစ္စာမဲ့ လိမ်ညာချစ်စကားတွေနဲ့
လိမ်သူတွေ ချွဲသူတွေ
အနိုင်ရမဲ့ခေတ်---တဲ့

ချစ်သူရေ----
Facebook က ပြောသေးတယ်
ဒီခေတ်က  ငါ့(fb)ခေတ်တဲ့
ချစ်သူကို သူပစ်ထား
သူငယ်ချင်းနဲ့ ပြောနေတာပါတဲ့
သူငယ်ချင်းဆိုတာကတော့ ကောင်လေးပေါ့ကွာတဲ့
ပထမတံခါးက သူငယ်ချင်း
ဒုတိယတံခါးက မိတ်ဆွေဖြစ်
တတိယတံခါးက အပြန်အလှန် ဆက်ဆံခြင်း
စတုတ္ထတံခါးမှာ သံယောဇဉ်
ပဉ္စမတံခါကတော့ မင်းနဲ့ရန်ဖြစ်
ဆဋ္ဌမတံခါးကတော့ မင်းနဲ့လမ်းခွဲမယ်--တဲ့

ချစ်သူရေ---
Facebook က
နောက်ဆုံးထပ်ပြောတယ်
မင်း See first မဖြုတ်ထားရင်
သူရဲ့နေစဉ်အပြန်အလှန် comments  တွေ
ကောင်လေးများရဲ့ profile  ဓာတ်ပုံ လိုက်လုပ်ခြင်းတွေ
ကောင်လေးများရဲ့
မင်းချစ်သူထံTagတွဲချင်းတွေ
မင်းချစ်သူထံ commentsဖြင့်
မြူဆွယ်ချင်းတွေ မြင်တွေ့ရမယ်၊ မြင်တွေ့ရရင် မင်ချစ်သူကို ချုပ်ချယ်မိတော့မယ်၊ ချုပ်ချယ်မိရင် ရန်ဖြစ်တော့မယ်တဲ့

ချစ်သူရေ----
ရန်မဖြစ်ရအောင်
ဒါကြောင့် မောင့်ကို
See firstလေး ဖြုတ်ခွင့်ပြုပါနော်---

ချစ်သောမောင်

အပူကြားက ရေးစက်လေးပါ

အပူကြားက ရေးစက်လေးပါ
*******

တစ်ပေါက်ပေါက် ကျနေတဲ့

ရေးစက်ကလေးတွေက

အေးလို့ ကျတယ်မြန်

ထင်နေသလား ချစ်သူရယ်----------

အကြိမ်များစွာ ကျခဲ့ရတဲ့

ရေစက်လေးတွေထဲက

တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ

ချစ်သူ ကြားလိုက်မြင်လိုက်ရတာပါ----------

အပူကြောင့်

ရေငွေတွေစုပြီ

တစ်ပေါက်ချင်း ကျလာတာပါ------

ဖန်တီးယူထာတဲ့

ကိုရီယား ဇာတ်ဝင်ခန်းတွေနဲ့

ယဉ်လာခဲ့တဲ့အတွက်

ဖန်တီးထားတယ်လို ထင်နေမှာပေါ့နော်---

ရပါတယ်

ပူလောင်ခြင်းတွေ

မကူးစက်သွားရင်ဘဲ

အပူကြားကနေ ကျေနပ်နေမိတယ်---------

(နှလုံးသားဒိုင်ယာရီ-အမှတ်-၅)

ကိုအောင်-ဧရာမြေ(15:10:2016)

ဒီနေရာ

ဒီနေရာ
***
သူမပေးမှန်း သိလျက်နဲ့
ဒီနေရာကို တောင်နေမိခဲ့တယ်---

ဒီနေရာမရနိုင်တော့မှန် သိလျက်နဲ့
ဒီနေရာကို မျှော်နေမိခဲ့တယ်-----

ဒီနေရာမှ ဒီနေရာ ဖြစ်နေတော့
ဒီနေရာအတွက် မာနတွေ ခဝါချနေမိတယ်-----

သို့သော်------

မဖြစ်နိုင်မှန်း ကျိန်းသေလာတဲ့အခါ
ဒီနေရာအတွက် ဆန္ဒတွေကို
Stop ခလုပ် နှိပ်လိုက်ရပါပြီ------

ကိုအောင်-ဧရာမြေ(20:10:2016)

မျှော်နေဆဲပါ

မျှော်နေဆဲပါ
******
တော့နက်ထဲမှာ
အထီးကျန်နေသူတစ်ယောက်
အလင်းမရပါသော်လည်း
အလင်းရောင်တွေရှိနေသေးတဲ့
တောအပြင်ဘက်ကသူတွေကို
အလင်းရောင်ပေးနေသော
လနက်သမီးကို မြင်နေရရင်ပဲ
ကျေနပ်နေမိသူပါ-----

သို့သော်----
ဘယ်အချိန်မှာ
ကိုယ့်အလှည့်  ရောက်လာမလဲလို့တော့
မျှော်နေမိတာပေါ့------

ကိုအောင်-ဧရာမြေ(26:10:2016)

မောင့်ရဲ့ကြာပန်းလေး

မောင့်ရဲ့ကြာပန်းလေး
******
နှလုံးသားကို ရေကန်နဲ့
တင်စာပြောဆိုခွင့်ရရင်
ချစ်မမကိုလည်း ကြာပန်လေးနဲ့
တင်စားခွင့် ပြုရမယ်----

ရေကန်ရဲ့အလှကို
ကြာပန်းလေးကဦးဆောင်သလို့
မောင်နှလုံးသားကို
ချစ်မမက ဦးဆောင်နေတယ်----

ကြာပန်းလေ မရှိတော့ရင်
ရေကန်ဟာ အထီကျန်နေရသလို့
ချစ်မမ မရှိတော့ရင်
မောင်ဘဝဟာ အထီကျန်နေရမယ်

ရေးကန်လေး ရှိနေသမျှ
ကြာပန်းလေး လန်းနေစေချင်တယ်
မောင့်ရဲ့ကြာပန်းလေးရယ်---
                                ကိုအောင်-ဧရာမြေ(2:11:2016)

ခရေပမာ မောင့်ချစ်မေတ္တာ

ခရေပမာ မောင့်ချစ်မေတ္တာ
******
ပန်းခရေ နွမ်းကြွေသွားပါစေ
ရနံ့တွေက ရှင်သန်နေဆဲ---

တို့နှစ်ယောက် ဝေကွားနေရပါစေ
ငါ့အချစ်တွေက ရှင်သန်နေဆဲ---

လေးညှင်းလေး တစ်ချက်အဝှေ့မှာ
ပန်းခရေ ရနံ့တွေ ထင်ရှားလာခဲ့သလို-----

မင်းခေါင်းလေး တစ်ချက်အညိတ်မှာ
ငါ့ချစ်မေတ္တာတွေ ထင်ရှားလာပါလိမ့်မယ်---ချစ်သူရယ်

ကိုအောင်-ဧရာမြေ(4-12-2016)

"လှိုင်းကလေး သင်"(မြန်မာ-အင်္ဂလိပ်)

"လှိုင်းကလေး သင်"(မြန်မာ-အင်္ဂလိပ်)
▄▄▄▄▄▄▄▄▄▄▄▄▄
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက
သည်ကမ်းယံ စေတီဦးဆီသို့ 
ဖူးမြော်ရန် ရောက်လာရင်းပေလော့
ဘော အိုအချင်း လှိုင်းကလေး သင်။

ကမ်းရောက်ပြန်တော့
တဖြောက် မြည်သံကျူ၍
နဂိုမူ စွန့် ကာပစ်ပါလို့ 
မူသစ် တစ်ဆင်ခြယ်၍
ပြင်ကျယ်ကျယ် ပယ်လယ်စခန်းဆီသို့ 
မြန်းကြွမည့်သွင်။

ဘယ်ဒေသဆီက
သင်ကြွလာ ဒီကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့ 
မြန်းမယ်လို့ သင်ဟန်ပြင်
ကြံချင်ဘူ့ သည်အရေး။

သို့ ကတဲ
စိတ်ထဲ ငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေကြမ်းသော်ကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကြောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင် ကူမတယ်လို့ 
တွေးဆကာ သည်အလွမ်းရယ်နဲ့ 
ဝမ်းမြောက်တယ်လေး။ ။

ဇော်ဂျီ
ခေတ်ပေါ် မြန်မာကဗျာ
၁၉၈၉၊ ဖေဖော်ဝါရီ

"WAVELET, YOU"

Do you come
From the ocean's far reaches
To the shrine on these beaches,
Oh, friend, wavelet, you

You come,
Make momentary sound,
Shed your old form
Assume a new look
And make as if to leave for the wide sea.

Where you come from,
To which port you will go
I shall not guess.

But on your maritime way
You bore on your back,
Serving as a raft,
The gull tossed by wind and wave.
I have been gladdened by this thought.

Zaw Gyi 
Trans Win Pe

Friday, February 10, 2017

မျှော်လင့်ချက်တွေ ကြွေကျခဲ့ပြီ

မျှော်လင့်ချက်တွေ ကြွေကျခဲ့ပြီ
♡♡♡♡♡

လောကကြီးရဲ့
ပြောင်လဲခြင်းနိယာမအောက်မှာ
မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြတယ်----

စက္ကန့်လေးတွေကို
အကြိမ်ခြောက်ဆယ်ပြည့်တိုင်း
မိနစ်ကလေးတွေက
မှတ်တမ်း တင်ပေးနေတယ်----

မိနစ်လေးတွေကို
အကြိမ်ခြောက်ဆယ်ပြည့်တိုင်း
နာရီတံလေးတွေက
မှတ်တမ်း တင်ပေးနေတယ်----

နာရီတံလေးတွေကို
နှစ်ဆယ့်လေးကြိမ်ပြည့်တိုင်း
ရက်တွေက
မှတ်တမ်း တင်ပေးနေတယ်----

ရက်လေးတွေကို
အကြိမ်သုံးရာခြောက်ဆယ်ပြည့်တိုင်း
နှစ်တွေက
မှတ်တမ်း တင်ပေးနေတယ်----

စက္ကန့်တွေက မိနစ်တွေ ဖြစ်သွားတယ်---
မိနစ်တွေက နာရီတွေ ဖြစ်သွားတယ်----
နာရီတွေက ရက်တွေ ဖြစ်သွားတယ်----
ရက်တွေက နှစ်တွေ ဖြစ်သွားတယ်---

စက္ကန့်တွေ မိနစ်တွေ
နာရီတွေ ရက်တွေ နှစ်တွေနဲ့အတူ
ဘဝတွေကို ပြောင်လဲနိုင်ဖို့
မျှော်လင့်ချက်ပန်းတိုင်အတွက်
ရှင်သန်နေကြတယ်------

သို့သော်-----
အချိန်တွေကြားမှာပဲ
ဆန္ဒတွေ ကျရှုံးပျက်ကြွေခဲ့ရတယ်--

ဖြစ်လာမယ်လို့
ချိန်ဆိုထားတာတွေဟာ
အချိန်မစေ့ခင်လေးမှာ
ကျရှုံးပျက်ကြွေခဲ့သွားရတယ်-----

အနာဂတ်ဆိုတာကို
ဖက်တွယ်ကာ
မမျှော်လင်းရဲတော့ပါဘူး------

                                                    တက္ကသိုလ်စာသင်သား
                                          (10:2:2017-၈နာရီ၁၀မိနစ်)

Wednesday, February 8, 2017

စောင့်မျှော်နေလျက်ပါ

စောင့်မျှော်နေလျက်ပါ
♡♡♡♡♡♡

Block လိုက်ပြီလာလို့တဲ့
ဒီရင်ဘက်ကြီးက
ဘယ်လို block ဖြစ်မှာလဲ-----

အပြစ်တွေ မဖွဲ့ဘဲ
အချစ်တွေပဲ မှတ်စုထုတ်ခဲ့တဲ့
ဒီနှလုံးသား ဒိုင်ယာရီမှာ
အမှတ်တရ အဖြစ်နဲ့
ထာဝရ ရေးထိုးခဲ့တာ အချစ်တွေလေ-----

ထာဝရ အချစ်ကို
တစ်ခဏ အပြစ်တွေနဲ့
ချေဖျက်နိုင်စွမ်း ရှိတဲ့
ဥပေက္ခာ နှလုံးသားကို
အချစ်ဆုံးအတွက်
ဒီရင်ဘက်ကြီးက
မွေးထုတ် မပေးနိုင်ပါဘူး-----

ဥပေက္ခာပြုခံရတဲ့ ဘဝမှာ
အထီကျန် ညတွေနဲ့
အိပ်စက်ကာ ထိတ်လန့်နေရရင်တောင်
တစ်ရေးနိုး ရေးတစ်ခွက်အဖြစ်
အချစ်ဆုံးရဲ့ အပြုံးလေကို
ထာဝရ စောင့်မျှော်နေလျက်ပါ-----
                                                   အလင်းအိမ်(9:2:2017)

Monday, February 6, 2017

သူမသိပါစေနဲ့ ဟူ၍သာ

သူမသိပါစေနဲ့ ဟူ၍သာ
♡♡♡♡♡
အလွမ်းတွေနဲ့ နွမ်းနေရပေမဲ့
သူ့မျက်နှာ ငြိုးနွမ်းမှာစိုးလို့
ရွှင်လန်းတဲ့ အပြုံးတွေတော့
သူ့ရှေမှာ အမြဲ ပြုံးဖြစ်နေမိတယ်---

အလွမ်းတွေနဲ့ ပူဆွေးနေရပေမဲ့
သူ့ရင်ကို အပူဟက်မှာစိုးလို့
ပျော်ရွှင်ယောင် သရုပ်ဆောင်ကာ
သူ့ရှေမှာ တက်ကြွနေမိတယ်-------

အလွမ်းတွေနဲ့ မျော်ငေးနေရပေမဲ့
အထီးကျန်တာ သူမသိစေဖို့
အများနဲ့ နေသားကျ သယောင်
သူ့ရှေမှာ ဟန်ရေးပြနေမိတယ်------

မေတ္တအချစ်နဲ့ နှလုံးသားဟာ
ငြိုးနွမ်းပူဆွေး အထီးကျန်နေလို့
ကိုယ့်ရင်မှာ သောကတွေဝေနေရင်တောင်
ချစ်သူကို မကူစက်စေချင်
သူမသိပါစေနဲ့ ဟူ၍သာ ဆုချွေနေမိတယ်-------

                                   ကိုအောင် (7:2:2017)

Saturday, February 4, 2017

အတွေးများက ဝါးတံတားသို့သာ

အတွေးများက ဝါးတံတားသို့သာ

♡♡♡♡♡
တကယ်ပါနော် ခုချိန်အထိ
တွေးဖြစ်,ရေးဖြစ် နေတာက
ဝါးလုံးတံတာလေးအကြောင်းပဲ---

မာယာများတဲ့
ပေတစ်ရာ တံတားပေါ်မှာ
မာယာများတဲ့ အသံတွေ
လွှင့်ပြန်နေလျက်---------

မာယာခြေလှမ်းတွေနဲ့
ပြည့်ကြပ်နေလေတော့
ကာရန်မပါတဲ့ ခြေလှမ်းတွေဟာ
ရှင်သန်နိုင်ဖို့ အခက်ပေါ့-------

ပေတစ်ရာ တံတားပေါ်မှာ
လမ်းလျှောက် နေရပေမဲ့
ပေတစ်ရာ အလွမ်းတွေနဲ့
အတွေးမိတ်ဆွေ မဖွဲ့ခဲပါဘူး-------

ဝါးလုံးတံတားပေါ်မှာ
လမ်းလျှောက်ခဲ့တဲ့
ငါ့ခြေလှမ်းတွေကပဲ
အတိတ်မေ့ရောဂါ မရှိတာလား?

ဝါးတံတာလေးကပဲ
တွေးစရာတွေ သင်ပေးခဲတာလား?
ငါ့စိတ်ကပဲ သဘာဝကို
စွဲလမ်းခံစား မိခဲ့တာလား?

ပေတစ်ရာတံတားတွေ
တင့်တယ်ပေါ်လွင်နေပေမဲ့
ဝါတံတားပေါ်က အတွေးတွေကတော့
ပေတစ်ရာ လမ်းမပေါ်ရောက်လည်း
မပျောက်ခဲ့ပါဘူး------------
                                 ကိုအောင်(ဧရာမြေ)
                                 29-1-2017

အဝေးကပဲ မျှော်နေမယ်

အဝေးကပဲ မျှော်နေမယ်
♡♡♡♡♡♡

သံသရာ ပြဇာတ်ဆရာရဲ့
လောကဓံ ပြကွက်အောက်မှာ
အနုအရွ သမုဒယတွေနဲ့
ဇာတ်ဆောင်ခွင့်ဟာ
ငါနဲ့မဆိုင်ဘူးတဲ့လား?

ဟန်ဆောင်မှုတွေနဲ့
သရုပ်ပြကွက်တွေအတွက်
ငါမကျွမ်းကျင်ပေမဲ့
ရိုးသားတဲ့ ငါ့အသွင်ကတော့
ထာဝရ ရိုးသားနေလျက်ပါ----

မရိုးသားမှ
သဘောကျမယ်ဆိုရင်လည်း
ဒီနေရာလေးကနေ
ရှောင်ထွက်သွားပေးပါမယ်----

ငါဝါသနာမပါတဲ့
ငါမကျွမ်းကျင်တဲ့
ဒီအတတ်ပညာနဲ့ ဝေးရာကနေပဲ
လှမ်းငေနေလိုက်ပါတော့မယ်----

                           အလင်းအိမ်(4:2:2017)