Saturday, February 4, 2017

အဝေးကပဲ မျှော်နေမယ်

အဝေးကပဲ မျှော်နေမယ်
♡♡♡♡♡♡

သံသရာ ပြဇာတ်ဆရာရဲ့
လောကဓံ ပြကွက်အောက်မှာ
အနုအရွ သမုဒယတွေနဲ့
ဇာတ်ဆောင်ခွင့်ဟာ
ငါနဲ့မဆိုင်ဘူးတဲ့လား?

ဟန်ဆောင်မှုတွေနဲ့
သရုပ်ပြကွက်တွေအတွက်
ငါမကျွမ်းကျင်ပေမဲ့
ရိုးသားတဲ့ ငါ့အသွင်ကတော့
ထာဝရ ရိုးသားနေလျက်ပါ----

မရိုးသားမှ
သဘောကျမယ်ဆိုရင်လည်း
ဒီနေရာလေးကနေ
ရှောင်ထွက်သွားပေးပါမယ်----

ငါဝါသနာမပါတဲ့
ငါမကျွမ်းကျင်တဲ့
ဒီအတတ်ပညာနဲ့ ဝေးရာကနေပဲ
လှမ်းငေနေလိုက်ပါတော့မယ်----

                           အလင်းအိမ်(4:2:2017)

No comments:

Post a Comment