"လှိုင်းကလေး သင်"(မြန်မာ-အင်္ဂလိပ်)
▄▄▄▄▄▄▄▄▄▄▄▄▄
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက
သည်ကမ်းယံ စေတီဦးဆီသို့ 
ဖူးမြော်ရန် ရောက်လာရင်းပေလော့
ဘော အိုအချင်း လှိုင်းကလေး သင်။
ကမ်းရောက်ပြန်တော့
တဖြောက် မြည်သံကျူ၍
နဂိုမူ စွန့် ကာပစ်ပါလို့ 
မူသစ် တစ်ဆင်ခြယ်၍
ပြင်ကျယ်ကျယ် ပယ်လယ်စခန်းဆီသို့ 
မြန်းကြွမည့်သွင်။
ဘယ်ဒေသဆီက
သင်ကြွလာ ဒီကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့ 
မြန်းမယ်လို့ သင်ဟန်ပြင်
ကြံချင်ဘူ့ သည်အရေး။
သို့ ကတဲ
စိတ်ထဲ ငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေကြမ်းသော်ကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကြောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင် ကူမတယ်လို့ 
တွေးဆကာ သည်အလွမ်းရယ်နဲ့ 
ဝမ်းမြောက်တယ်လေး။ ။
ဇော်ဂျီ
ခေတ်ပေါ် မြန်မာကဗျာ
၁၉၈၉၊ ဖေဖော်ဝါရီ
"WAVELET, YOU"
Do you come
From the ocean's far reaches
To the shrine on these beaches,
Oh, friend, wavelet, you
You come,
Make momentary sound,
Shed your old form
Assume a new look
And make as if to leave for the wide sea.
Where you come from,
To which port you will go
I shall not guess.
But on your maritime way
You bore on your back,
Serving as a raft,
The gull tossed by wind and wave.
I have been gladdened by this thought.
Zaw Gyi
Trans Win Pe
No comments:
Post a Comment