ချစ်သူရေ See first ဖြုတ်ခွင့်ပြုပါ
***********
ချစ်သူရေ----
ဆရာဇော်ဂျီလိုတော့ ညီသစ်ဆင်ခေါ်ကာ
ကဗျာနဲ့ ပုဂံဘုရားကို
ပူဇော်ဖို့ စာရေးသလို့ မဟုတ်ပါဘူး။
မောင်ကို See first ဖြုတ်ခွင့်ပြုဖို့ပါ။
ချစ်သူရေ----
ယခုခေတ် ပြယုဂ်ကို
စကားပြေထုတ်ကာ Facebook အသုံးလေးကို နားလည်မိသွားလို့ပါ၊၊ အကုန်တော့ မဟုတ်ဘူး
၉၉ရာခိုင်နှုန်း အသုံးပြုပုံလေးပါ။
ချစ်သူရေ----
မင်းကို မပြောပါဘူး
ငါတို့ခေတ်
ယခုခေတ်
တို့ခေတ် ဒီမိုခေတ်
အများပိုင်ခေတ်
ငါမပိုင်ခေတ် သူပိုင်ခေတ်
တက်တွဲချစ် ကျူတွဲခေတ်
သူငယ်ချင်ခေတ် ချစ်သူပစ်ပယ်တဲ့ခေတ်
ဒီခေတ်
ချုပ်လိုက်တော့ Facebook ခေတ်ပေါ့။
ချစ်သူရေ----
Facebook က စကားပြောလာတယ်။
မင်း Facebookမှာ
မင်းချစ်သူ account အပ်ထားလား?
ဒါဆိုရင် See first လုပ်မထားပါနဲ့
See first လုပ်ထားလို့
မင်းချစ်သူက မင်းကို
တိုးပြီးချစ်လာမှာမဟုတ်ဘူး----
မင်းထက်ပို့ပြီး See first လုပ် Tagတွဲထားသူတွေ
သူ့မှာ အများကြီးပဲ-----တဲ့
ချစ်သူကို See first လုပ်ထားမိရင်တော့ မင်းခံစားရလိမ့်မယ်၊ မင်းမှာ တခြားရွေးစရာ
ချစ်သူရှိသေးတယ်ဆိုရင်တော့ မင်းဟာ အရမ်းမချစ်မိသူမို့ ခံနိုင်ရည် ရှိချင်ရှိမှာပါ၊
မင်းမှာ တခြာချစ်သူ မရှိရင်တော့
မင်းခံစာရမယ်---တဲ့
ချစ်သူရေ----
Facebook က ထပ်ပြောသေးတယ်၊
မင်းရဲ့စာမျက်နှာကို မင်းချစ်သူက
တစ်လတစ်ခါတောင်ဝင်မကြည့်ပေမဲ့
မင်ချစ်သူက သူ့သူငယ်ချင်းတွေနဲ့
like လုပ် commentsတွေ
ဖလှယ်နေကြမြဲပါ----တဲ့
ချစ်သူရေ----
Facebook က ပြောသေးတယ်
မင်းချစ်သူမှာ သူငယ်ချင်းတွေပေါတယ်
ခင်ချင်လို့ တက်တွဲသူတွေ
ကြိုက်လို့ တက်တွဲသူတွေ
ကျူချင်လို့ တက်တွယ်သူတွေ-အများကြီးပါ-တဲ့
ချစ်သူရေ----
Facebook က ပြောသေးတယ်
ကျူချင်လို့ Tagတွဲ
Tagတွဲမှ ခင်မင်တဲ့ခေတ်
ကျူသူမှ စကားပြောချင်တဲ့ခေတ်
မြှောက်မှ ဂုဏ်ထင်တဲ့ခေတ်
သစ္စာမဲ့ လိမ်ညာချစ်စကားတွေနဲ့
လိမ်သူတွေ ချွဲသူတွေ
အနိုင်ရမဲ့ခေတ်---တဲ့
ချစ်သူရေ----
Facebook က ပြောသေးတယ်
ဒီခေတ်က ငါ့(fb)ခေတ်တဲ့
ချစ်သူကို သူပစ်ထား
သူငယ်ချင်းနဲ့ ပြောနေတာပါတဲ့
သူငယ်ချင်းဆိုတာကတော့ ကောင်လေးပေါ့ကွာတဲ့
ပထမတံခါးက သူငယ်ချင်း
ဒုတိယတံခါးက မိတ်ဆွေဖြစ်
တတိယတံခါးက အပြန်အလှန် ဆက်ဆံခြင်း
စတုတ္ထတံခါးမှာ သံယောဇဉ်
ပဉ္စမတံခါကတော့ မင်းနဲ့ရန်ဖြစ်
ဆဋ္ဌမတံခါးကတော့ မင်းနဲ့လမ်းခွဲမယ်--တဲ့
ချစ်သူရေ---
Facebook က
နောက်ဆုံးထပ်ပြောတယ်
မင်း See first မဖြုတ်ထားရင်
သူရဲ့နေစဉ်အပြန်အလှန် comments တွေ
ကောင်လေးများရဲ့ profile ဓာတ်ပုံ လိုက်လုပ်ခြင်းတွေ
ကောင်လေးများရဲ့
မင်းချစ်သူထံTagတွဲချင်းတွေ
မင်းချစ်သူထံ commentsဖြင့်
မြူဆွယ်ချင်းတွေ မြင်တွေ့ရမယ်၊ မြင်တွေ့ရရင် မင်ချစ်သူကို ချုပ်ချယ်မိတော့မယ်၊ ချုပ်ချယ်မိရင် ရန်ဖြစ်တော့မယ်တဲ့
ချစ်သူရေ----
ရန်မဖြစ်ရအောင်
ဒါကြောင့် မောင့်ကို
See firstလေး ဖြုတ်ခွင့်ပြုပါနော်---
ချစ်သောမောင်
No comments:
Post a Comment