Wednesday, February 8, 2017

စောင့်မျှော်နေလျက်ပါ

စောင့်မျှော်နေလျက်ပါ
♡♡♡♡♡♡

Block လိုက်ပြီလာလို့တဲ့
ဒီရင်ဘက်ကြီးက
ဘယ်လို block ဖြစ်မှာလဲ-----

အပြစ်တွေ မဖွဲ့ဘဲ
အချစ်တွေပဲ မှတ်စုထုတ်ခဲ့တဲ့
ဒီနှလုံးသား ဒိုင်ယာရီမှာ
အမှတ်တရ အဖြစ်နဲ့
ထာဝရ ရေးထိုးခဲ့တာ အချစ်တွေလေ-----

ထာဝရ အချစ်ကို
တစ်ခဏ အပြစ်တွေနဲ့
ချေဖျက်နိုင်စွမ်း ရှိတဲ့
ဥပေက္ခာ နှလုံးသားကို
အချစ်ဆုံးအတွက်
ဒီရင်ဘက်ကြီးက
မွေးထုတ် မပေးနိုင်ပါဘူး-----

ဥပေက္ခာပြုခံရတဲ့ ဘဝမှာ
အထီကျန် ညတွေနဲ့
အိပ်စက်ကာ ထိတ်လန့်နေရရင်တောင်
တစ်ရေးနိုး ရေးတစ်ခွက်အဖြစ်
အချစ်ဆုံးရဲ့ အပြုံးလေကို
ထာဝရ စောင့်မျှော်နေလျက်ပါ-----
                                                   အလင်းအိမ်(9:2:2017)

No comments:

Post a Comment