Monday, February 6, 2017

သူမသိပါစေနဲ့ ဟူ၍သာ

သူမသိပါစေနဲ့ ဟူ၍သာ
♡♡♡♡♡
အလွမ်းတွေနဲ့ နွမ်းနေရပေမဲ့
သူ့မျက်နှာ ငြိုးနွမ်းမှာစိုးလို့
ရွှင်လန်းတဲ့ အပြုံးတွေတော့
သူ့ရှေမှာ အမြဲ ပြုံးဖြစ်နေမိတယ်---

အလွမ်းတွေနဲ့ ပူဆွေးနေရပေမဲ့
သူ့ရင်ကို အပူဟက်မှာစိုးလို့
ပျော်ရွှင်ယောင် သရုပ်ဆောင်ကာ
သူ့ရှေမှာ တက်ကြွနေမိတယ်-------

အလွမ်းတွေနဲ့ မျော်ငေးနေရပေမဲ့
အထီးကျန်တာ သူမသိစေဖို့
အများနဲ့ နေသားကျ သယောင်
သူ့ရှေမှာ ဟန်ရေးပြနေမိတယ်------

မေတ္တအချစ်နဲ့ နှလုံးသားဟာ
ငြိုးနွမ်းပူဆွေး အထီးကျန်နေလို့
ကိုယ့်ရင်မှာ သောကတွေဝေနေရင်တောင်
ချစ်သူကို မကူစက်စေချင်
သူမသိပါစေနဲ့ ဟူ၍သာ ဆုချွေနေမိတယ်-------

                                   ကိုအောင် (7:2:2017)

No comments:

Post a Comment