Tuesday, June 12, 2018

တောင်​တန်းသာသနာပြုဂုဏ်​ရည်

တောင်​တန်းသာသနာပြုဂုဏ်​ရည်
*************
ခက်ကြမ်းကြမ်း 
လောကဓံ​တွေ​အောက်​မှာ
ပင်​ပန်းစွာ ​လျှောက်​လှမ်း​နေရ​​ပေမဲ့
ဒုက္ခ​တွေကို ​ဖော်​မပြ
သောက​တွေကို ခဝါချလျက်
အပြုံး​တွေနဲ့ နှုတ်​ဆက်​​နေတတ်​တာ
တောင်​တန်းသာသနာပြု
သူရဲ​ကောင်း​တွေ​ပေါ့---

ပြည်​မနှင့်​​တောင်​တန်း
ဗမာနှင့်​တိုင်းရင်​သား
အ​တွေး​တွေကို ​ဘောင်​ခပ်
အ​ရေး​တွေက အဆိပ်​အပ်
ညီ​နောင်​အချင်းချင်း ရန်​သူထင်​​အောင်
အင်္ဂလိပ်​က စ
မီဒီယာအလယ်​ ပါတီအဆုံး
သွေးခွဲ​​နေကြတဲ့ကြားက
အမုန်းတရားစည်းရိုးကိုဖြိုဖျက်ပြီး
သ​န္ဓေစပ်​ ပြယုဂ်​​တွေအဖြစ်
ဂ​ဟေဆက်​​ပေး​နေကြတာ
တောင်​တန်းသာသနာပြု
သူရဲ​ကောင်း​တွေ​ပေါ့---

တောင်​တန်းရဲ့အလှ​တွေကို
ပြည်​မသို့ ပို​ဆောင်
ပြည်​မရဲ့ နှလုံးသား​တွေကို
တောင်​တန်းသို့ သယ်​​ဆောင်​ရင်း
ပို​ဆောင်​​ရေးဝန်​ကြီး​ဌာနတစ်​ခုအဖြစ်
ရပ်​တည်​​ပေး​နေကြတာလည်း
တောင်​တန်းသာသနာပြု
သူရဲ​ကောင်း​တွေ​ပေါ့---

အကယ်​၍
ထိုအရှင်​​များ
ဆိတ်သုန်းသွားခဲ့မယ်​ဆိုရင်
တောင်​တန်းကြီးက
အလွမ်း​​တွေ​ဝေပြီး
ပြည်မတောင်တန်းပေါင်းစပ်ထားတဲ့
မြန်မာ့ညီနောင်စိတ်ဓာတ်တွေ
ပျောက်ကွယ်ကာ
အိန္ဒိယနှင့်​ အာဖဂန်​နစ်​စ်တန်
ဂျာမန်​နှင့်​ ဂျူး​တွေလို
သမိုင်းတွင်​​အောင်
တောင်​တန်းနှင့်​ ပြည်​မ
ဗမာနှင့် တိုင်းရင်းသား
ညီ​နောင်​အချင်းချင်း
ရန်​သူ​တွေဖြစ်​ကြ​တော့မှာ​ပေါ့

ထို​ကြောင့်
သာသနာ့သူရဲ​ကောင်း
(သို့မဟုတ်​)
တောင်​တန်းသာသနာပြုတို့ရဲ့
သာသနာပြု
သူရဲ​ကောင်းမှတ်​တမ်းကို
ဂုဏ်​ပြု​သောအားဖြင့်
တောင်​တန်းသာသနာပြုဂုဏ်​ရည်​လို့
ခေါင်းစဉ်​တပ်​ကာ
ဂုဏ်​ပြုပူ​ဇော်​လိုက်​ပါတယ်

ညီ​နောင်​အားလုံး
အခက်​အခဲမရှိ 
ကိုယ်​စိတ်​ရွှင်​လန်းစွာ
ယာဝဇီဝံ-အသက်​ထက်​ဆုံး
ယာဝဇီဝံ-အသက်ရှည်သမျှ ကာလပတ်လုံး
ယာဝဇီဝံ-အသက်​ဆုံးသည့်​တိုင်​​အောင်
တောင်​တန်းသာပြုနိုင်​ကြပါ​စေ

                 31:5:2018/1:30pm
                 တက္ကသိုလ်စာသင်သား

Thursday, March 1, 2018

@ဒွေးချိုးရေးနည်း@

Card ဇေယျ သင်္ခ ( ကဗျာလမ်း )

@ဒွေးချိုးရေးနည်း@
 
  ဒွေးချိုး ဟူသည်..
ဒွေး=နှစ်ခု
ချိုး= အဆစ်အပိုင်း ၊ ထို့ကြောင့် နှစ်ပိုင်းပါ
သော ကဗျာ။ နှစ်ချိုး ကဗျာပင်ဖြစ်ပါသည်။
ထိုနှစ်ချိုးမှာ အခံချိုးနှင့် အအုပ်ချိုးဖြစ်သည်။
ဒွေးချိုးငယ်၊ ဒွေးချိုးသဖြန်၊ ဒွေးချိုးကြီး ဟု
ပိုဒ်ရေ၊ လုံးရေအနဲအများအရ ခွဲခြားခေါ်ဝေါ်
ကြပါသည်။ ဤဒွေးချိုးအခန်းကို ပိုင်နိုင်လျင်
တြိချိုး၊ လေးချိုးတို့ကို လွယ်ကူစွာတတ်
မြောက်ပေလိမ့်မည်။ ထို့ကြောင့် ဒွေးချိုးအခန်း
ကို စုံလင်စွာ ဖော်ပြပါမည်။ ဒွေးချိုးတွင်..
၁။ အမည်အားဖြင့်။
၂။ အမျိုးအပြားအားဖြင့်။
၃။ အချိုးအားဖြင့်။
၎။ အပိုဒ်ရေအားဖြင့်။
၅။ အက္ခရာ လုံးရေအားဖြင့်။
၆။ အစပ်ကာရန်အားဖြင့်။
၇။ လေပြင်းလေလျော့အားဖြင့်။
၈။ အပြစ်ဒေါသအားဖြင့် ဟူ၍အပိုင်းရှစ်ပိုင်း
ဖြင့် ခွဲခြားဖော်ပြပါမည်။

၁။ အမည်အားဖြင့် ဒွေးချိုး ဆိုရာ၌..
ဒွေးကား ပါဠိလို၊ မြန်မာလိုကား နှစ်၊
ချိုး ကားအဆစ်အပိုင်းဟူသောမြန်မာဘာသာ
ပရိယာယ်စကားဖြစ်၏။ ထို့ကြောင့် အချိုး
အပိုင်းနှစ်ခုဖြင့် သီကုံးဖွဲ့နွဲ့ရေးစပ်ရသည်။
ဤဒွေးချိုးကိုပင် ဒွေးချိုးသဖြန်၊ ကွန်းထောက်
သဖြန်ဟုလည်းခေါ်ကြသည်။ ကွန်းထောက် ဟူသည် မင်းအစိုးရတို့ ခေတ္တနားရာနန်းဖြစ်
ပါသည်။ စခန်းချကာနီးသီဆို၏။

၂။ အမျိုးအပြားအားဖြင့် ဒွေးချိုးသည်..
အစားစားမရှိပြီ။ တစ်ပိုဒ်ဖြင့် တစ်ချိုး၊နှစ်ပိုဒ်
ဖြင့်တစ်ချိုးပြုခြင်း စသောဒွေးချိုးအကြီးအငယ်
အားဖြင့် အနည်းငယ်မျှသာ ကွာခြားသည်။

၃။ အချိုးအားဖြင့် ဒွေးချိုးသည်..
အခံတစ်ချိုး အအုပ်တစ်ချိုးဖြင့်နှစ်ချိုးသာရှိ၏။

၎။ အပိုဒ်ရေအားဖြင့် ဒွေးချိုး သည်..
အချိုးတစ်ခုတစ်ခု၌ များသောအားဖြင့်
အပိုဒ်ငယ်နှစ်ပိုဒ်မှစ၍ ငါးပိုဒ်ထိသာ ထားနိုင်လေသည်။

၅။ အက္ခရာ လုံးရေအားဖြင့် ဒွေးချိုးသည်..
ထိုအပိုဒ်ငယ်တို့၌ အစပိုဒ်တွင် သုံးလုံး ထား၍
အလယ်ပိုဒ်တို့၌ ငါးလုံး ခြောက်လုံးထားနိုင်၏။
အဆုံးပိုဒ်​၌ကား လေးလုံးသာ ထားရမည်။
ဤသို့တွက်ရာ၌ ပါဒလင်္ကာဝိဘတ်တို့ကို ချန်
လှပ်ထားရမည်။ထည့်မတွက်ရ။ကာရန်ကိုသာ
ရေတွက်ရမည်။

၆။ အစပ်ကာရန်အားဖြင့် ဒွေးချိုးသည်..
အခံချိုး၏အဆုံးကာရန်နှင့် အအုပ်ချိုး၏ အဆုံး
ကာရန်တို့ကို ထပ်ဟပ်မိစေရမည်။ အတွင်း
ကာရန်တို့ကိုမူ ရှေ့နောက်ပါဒခွဲလျက် ထက်
ဝက်စီ ကာရန်ထပ်ကာရေးသားနိုင်သည်။ဤ
သို့ပိုဒ်တွင်းကာရန်ယူရာတွင် ပေါ်လွင်ထင်ရှား
သော ပဓာနကာရန်များဖြင့် ချိတ်ဆက်ရမည်။
ထပ်တွန့်များရေးလိုက ရေးနိုင်သည်။သို့သော်
နှစ်ကြိမ်စီထက် ပိုထည့်ပါက မကောင်းတော့။
လေးချိုး၏ အစပိုဒ်တို့တွင် အများဆုံး ငါးတွန့်
ထိသာ ထားနိုင်လေသည်။ လေးချိုးအခန်း၌
ထင်ရှားပေလိမ့်မည်။

၇။ လေပြင်းလေလျော့အားဖြင့် ဒွေးချိုးသည်..
ခံပိုဒ် အုပ်ပိုဒ် အဆုံးနေရာတို့တွင် (အ၊ အား၊
အိ၊ အီး၊ အူး)စသော လေပြင်းအသံအက္ခရာ
တို့ကိုသာ အမှန်ထားရမည်။ အတွင်းပိုဒ်ငယ်
တို့တွင် ရှေ့ပါဒ၌(အာ၊ အီ၊ အူ)စသော လေ
လျော့အက္ခရာရှိလျင် နောက်ပါဒ၌(အ ၊အား၊
အိ၊ အီး)စသော လေပြင်းအက္ခရာကို ထားရ
မည်။ ရှေ့နောက် တစ်လှည့်စီထားရမည်။
ဆိုလိုရင်းမှာ ပိုဒ်ငယ်တစ်ခုအတွင်းတွင်
ရှေ့နောက် ပါဒအားလုံး၌ လေပြင်းချည်းသက်
သက်၊ လေလျော့ချည်းသက်သက် မထားရ။

၈။ အပြစ်ဒေါသအားဖြင့် ဒွေးချိုးသည်..
အထက်ပြဆိုပါ ပဓာနကာရန်ဌာနတို့၌ ကာရန်
လွတ်ခဲ့သော်၎င်း၊ ဝက်နင်းခွာထောက်ငြိခဲ့
သော်၎င်း၊ လေထားလေယူလွဲခဲ့သော်၎င်း၊
ဒွေးချိုးကဗျာ ပျက်စီးလေတော့သည်။ ဤအပြစ်ဒေါသတို့ကို သတိပြုရေးကြစေလို၏။
ဥပမာများဖြင့်ဆက်လက်ဖော်ပြပါမည်။

@ဒွေးချိုးကြီးခေါ် ဒွေးချိုးငိုချင်း@

၁။ ပထမအခံချိုးရဲ့ အချီပိုဒ်ကို စာလုံးငါးလုံး
ခြောက်လုံးဖြင့်အစချီရမည်။ အချမှာလည်း
ငါးလုံး ခြောက်လုံးဖြင့်ပင် အဆုံးချရမည်။

၂။ ဒုတယအချိုး အချီပိုဒ်မှာ စာလုံးခြောက်လုံး
မှ ၁၁လုံး၊ ၁၂လုံးထိ ထား၍ချီနိုင်ပါသည်။
အချတွင်လည်း ခြောက်လုံးမှ ၁၁လုံး၊ ၁၂လုံး
အထိ ချနိုင်ပါသည်။ လေးလုံးဖြင့်ချသည်
လည်းရှိပါသည်။ ဂရုလဟုကတော့
ဒွေးချိုးငယ်ပုံစံအတိုင်းဖြစ်ပါသည်။

၃။ အတွင်းပိုဒ်တို့ကို ရှစ်လုံး ကိုးလုံးစသဖြင့်
ဂရုလဟုတလှည့်စီကာရန်ယူလျက် နဘေစပ်
နည်းများဖြင့် အမွှမ်းတင်​ရေးစပ်ကြပါသည်။

၎။ အချိုးတစ်ခုမှာ ပိုဒ်ရေငါးပိုဒ်ထက် မနဲရပါ။
နမူနာ..
@တရားဆင်ခြင်မကြံပါတယ်လေ
ရထားပလ္လင်ပျံဝေဟင်အထက်ဆီက
ဆွေကြင်ဖက်သူ မိတ်အကြည်နှင့်အခွဲတွင်ဖြင့်
စိတ်မတည်ရဲပါတယ် ခွန်းပလီချိုလို့မို့
ကျွန်းသီဟိုဠ် အကူး။
@မောင်တော်မကယ်လှဲ့တာဖြင့်ဘုရား
အဆောင်ပေါ်မှာမယ်မနွဲ့သာဘု
ဘယ်တဲ့နှယ်ကံတော်ဖန်ရတယ်
ကံတော်မဖန်မင်းဂီရိအတွက်ငယ်ကြောင့်
အသံခေါ်ဟန်ညှင်းပါပီ့မထွက်နိုင်ဘု
ကနက်ကယ်ရွှေပြည်မြေက
သည်မအေကို ကူစေလွှတ်ပါအုံး
(မလေးမောင်ဘုရား)
....
....
ဇွတ်ငြင်းလို့မရှောင်သာပါဘူး...။

@ဒွေးချိုးရေးနည်း ဆောင်ပုဒ်ဥပဒေသများ@

ဆောင်​ပုဒ်​ ၁။

*ဒွေးချိုး၏.မူ၊
  နည်းယူဖို့.စပ်[ထုံး]။..ခံချိုး
*ဥပဒေ.ပုံစံရေး(မယ်)
  တွေးလို့.စီ[ကုံး]။.....အုပ်ချိုး

ဆောင်​ပုဒ်​ ၂။

*ရေးပျိုး.ရာ၊
  နှစ်ချိုးသာ.ဧကန္တ(ရယ်နှင့်)
  ရေးရ.အ[မြဲ။]

*ယင်းကဗျာ၊
  စွဲသညာ.ဤစာမျိုး(ကို)
  ဒွေးချိုးတဲ့[ဘဲ။]

ဆောင်​ပုဒ်​ ၃။

#တချိုး.ဝယ်၊
  အပိုဒ်ငယ်.နှစ် သုံး လေး(ရယ်နှင့်)
  ငါးရေးတာ.ခါတရံ(ပ)
  ကဗျာဉာဏ်.[တွေး။]

#ပ.သုံးပင်၊
  *တွန့်ပိုဒ်.ရံခါယှဉ်(လို့)
  လယ်ပိုဒ်တွင်.ငါးခြောက်လုံး(ရယ်နှင့်)
  ဒွေးချိုးမှာ.သင်္ချာသုံး(ကြတယ်)
  ဆုံး.ပိုဒ်၌[လေး။]

(*)ပြထားသည့်အပိုဒ်များမှာ တွန့်ပိုဒ်များ
ဖြစ်ပါတယ်။ ပ.သုံးပင်ဟူသည် ပထမပိုဒ်၌
အက္ခရာ သုံးလုံးပဲ ထားရမည်ဟုဆိုလိုသည်။

အတွန့် များသောပုံစံမှာ..
(ဒုတိယအအုပ်ပိုဒ်၌)

#ပသုံး.ပင်၊
  *တွန့်ပိုဒ်.ရံခါယှဉ်(လို့)
  လယ်ပိုဒ်တွင်.ငါးခြောက်လုံး(ရယ်နှင့်)
  *ဒွေးချိုးမှာ.သင်္ချာသုံး(ပါလို့)
  *ရေးပျိုးကာ.လျင်စွာကုံး(ပေတော့)
  ဆုံးပိုဒ်၌.လေး(ရယ်မှ)
  *(အိုကွယ်)ထုံးအလိုက်[ရေး။]

ဤသို့တွန့်ပါက လိုရာဝိဘတ်နှင့်ပါဒလင်္ကကို
အပိုဒ်နှင့်သင့်လျော်အောင် ပြင်ရပါသည်။
အပိုဒ်များစွာတွန့်ကလေးချိုးပုံမို့အတွန့်နဲစေ။

@ဒွေးချိုး နမူနာ ကဗျာများ@

(ဦးပုည ၏သစ္စာတိုင်ဒွေးချိုး)

@ထုံးမတိမ်၊
   ငုံးအိမ် ကျူလသို့၊
   တူမျှ စံနှိုင်း။
@ထပ်တညီ၊
   ကပ္ပဌီ တင်ထိုက်တဲ့၊
   ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
   ငါးဆင့် သမိုင်း။ ။

(ဦးစံသူ ရေး မှာတမ်းဒွေးချိုး)

@ကြံမညီ၊
   တန်ပြီ သည်နဲ့လို့၊
   ကြည်တဲ့ မနော။
@မချစ်တဲ့ပြင်၊
   သနစ်ကယ် ပွေဆင်လို့၊
   ဖွတ်မမြင် ဓါးမဆုံးသည့်နှယ်၊
   ဘုန်း သူ့သဘော။ ။

(မမြကလေး ရေး.အမျှော်စိုက်နှစ်ဆစ်သဖြန်)

@နေမှိန်မှိန်၊
   ဆင်ဗောင်းတော် ရွှေပုသိမ်နှင့်၊
   လာချိန် တန်တော့။
@ထပ်ထပ်ကယ်မျှော်၊
   ပြဿဒ် ဆောင်ဘုံပေါ်က၊
   အကြိုတော် သည်မယ်ထောက်ရတယ်၊
   (ကိုယ်တော်ရေ)
   ကိုးခေါက် ပြန်ပေါ့။ ။

(တောင်တွင်းကြီးဦးကြော့ သံဝေဂနှစ်ဆစ်သဖြန်)

@ဝဋ်ကြွေးငယ်တင်၊
   လွတ်သေးမယ် အို မထင်ကြပါနှင့်၊
   ကိုယ်တွင် တရား။
@မချိသူ၊
   သတိကလေး အနိုင်မူရ၊
   ဝိဋဋူ သာကီသတ်စဉ်က၊
   စောမြတ် ကိုယ်တော်တိုင်ပ၊
   မကယ်နိုင် သည်စဉ်တုန်းရယ်က၊
   ထုံး အရှိသား။

ဒွေးချိုးအခန်းပြီး၏။
ကိုးကား ရေးသားနိုင်ကြပါစေ။

ဇေယျသင်္ခ(ကဗျာလမ်း)  ( စွယ်စုံကျမ်းမှ ကူးယူပါသည် )

""ဒုက္ခနယ်တွင်း ငြိမ်းစေရာ "" ၁၇၇

""ဒုက္ခနယ်တွင်း ငြိမ်းစေရာ ""  ၁၇၇
________________________ ( ရှစ်ဆယ်ပေါ်တေးထပ် )

မနက်နေရောင် . ဝပ်ဆင်းသက်လို့
ချွတ်နင်းအထွက်   ညယံသည်
မွတ်ဝင်းမပျက်  လှဟန်ကြည်တယ်
မြစံပန်းချီ   ဆေးခြယ်ထား။
အိပ်စက်လွန်မြောက်  သည်နေ့တာမယ်
ကြည်မွေ့စရာ  ကြုံကြိုက်ကြစေသား။

ကိုယ်ချင်းစာမှု   ဆောင်ကြခင်သော်
အမှောင်မှကြဉ် မိတ်ဆွေများ။
နောင်တ မဝင်   စိတ်အနေပွားလို့
အရိပ်တွေခြား   လင်းဉာဏ်ပေါ် ။
ပုထုဇဉ်နယ်  သိုက်မြုံနန်းက
စရိုက်စုံဆန်း  ကြုံတွေ့ပေလိမ့်နော်။

ကိုယ်နှုတ်နှလုံး  သုံးပါးပေါ်တွင်
မုန်းအားမလျော်  ထားရှိခြင်းတို့
ပွားအသိရင်း  ရှောင်ရှားစင်ကြယ်
နောင်များ အရွှင်ကြွယ်။
ဘုံသုံးဆယ့်တစ်  ဒုက္ခနယ်ပါ
မုချတကယ် ငြိမ်းအောင်နေသင့်လေး။    ။

နန်း ဧကရီ

ချစ်သူများနေ့ လက်ဆောင်

ချစ်သူများနေ့ လက်ဆောင်
______________________ ( တေးထပ် ၂ ပုဒ် ) :၁၇၈ / ၁၇၉

စားကြစေ ချောကလက်
ပြောမထွက်  ခုခါ
နှောအဖက်  သမုညှာရေ
အပြုမှာ  နစ်မြဲ။
စိမ်းစားဥ တွဲစားပါလေ
ကွဲသွားခါ  သေဖို့တွက်ပဲ၊၊

ချစ်တုန်းခိုက်  ကြည်သာချိုပေ
မဒီမှာအို   သူခွဲ ။
ဖီလာဆို  မယူရဲတော့
လူအထဲ  ခက်ပွေ။
အဆင့်ကျော်  ချစ်သူနေ့ဖြင့်
ညစ်အပူတွေ့. ပျိုတို့မှာပေ။

ဝယ်ဆောင်ကြ. သည်မှာလေကွယ်
မဒီညှာဆွေ တွဲဖက်စားကြ
ခွဲထွက်သွား တိမ်းသွားခုနော်
စိမ်းစားဥတော်။
အလိုလိုက်  အကြိုက်ပျော်လျင်
အငိုက်ချော်  လဲတတ်ရဲ့လေး။    ။

""ဟောသည်က စိမ်းစားဥတွေ ရမယ် ""
_______________________________

ချစ်လက်ဆောင် ပေးလာခိုက်
ပြေးကာပိုက် ယူပေ
နွေးဖြာလှိုက် အတူနေသည်
တစ်မူလေ.ဖျက်ဆီး။
အပျိုတို့. ထိမ်းအပ်ရာကို
တိမ်းဖြတ်ကာ  တိုးဖောက်ခရီး။

ပျော်မောမေ့  ရက်များကြာသော်
ရှက်အားဖြာ  ပျိုညည်း ။
ခက်သားကွာ  အလိုပြီးတော့
အပို ကြီး    ရှောင်ခွာ။
သေလိုက်ချင်  ချောကလက်ဖြင့်
နှော အဖက်  စိမ်းစားဥပါ။

ယူထားကြ. မတ်အဟွာရေ
ထပ်တစ်ခါ   လာမရောင်းမို့
အခါမနှောင်း   သေဆေးယူချင်
ဖြေရေး ပူပင်။
သေလိုက်ကြ.  အရမ်းကြင်ကာ
အဆန်းထွင်   နေသူတို့လေး။    ။

နန်းဧ ကရီ

""ပဲပြုတ်နံပြား အမြဲပျော်စေချင် ""

""ပဲပြုတ်နံပြား အမြဲပျော်စေချင် ""
____________________________
( ရှစ်ဆယ်ပေါ်. တေးထပ်  ) ၁၈၀

ဖေဖေါ်ဝါရီ  ဆယ့်သုံးရောက်တော့
မယ့်ဘုန်းတစ်ယောက်  ဂုဏ်လွှမ်းထင်
တကယ့် နုန်းလောက်  အကုန်လွမ်းချင်သည်
စုံအကန်းပင်  သည်နေ့များ။
တစ်ရက်သာပဲ  အမွှန်းတင်ကာလေ
ယွန်း ကျင် မလာ ပဲပြုတ်နဲ့ နံပြား။

အဖေပြောခဲ့   နည်းစနစ်ထွေကို
ပြီးပစ်သလေ ဘေးချိတ်ထား။
မှီးမချစ်ပေ ဆွေးစိတ်ပွားအောင်ဖြင့်
တွေးအတိတ်အား  ပြန်မခေါ်။ 
လွမ်းရက်မှာပင်  သက်ပြတ်ဆွေးလို့
ဖျက်ဖြတ်မတွေး ကျန်ရက်များဖြင့်နော်။

တကယ်တမ်းဖြင့်  ချစ်ခင်သော်ကွယ်
ညစ်သွင်မလျော်   ပြုကြံခြင်းတို့
ခုပြန်မနှင်း  ညွှန်ကြားခဲ့ပေ
အမွန်တရားနဲ့နေ။ 
နံပြားပဲပြုတ်  အသည်းအက်ကြွေအောင်
ခွဲထွက်မလေ. မလုပ်ကြပါနဲ့လေး။      ။
ဖခင်ဗိုလ်ချုပ်   စဉ်မြဲပျော်စေကွယ်
ခင်တွဲဖော်ဆွေ   ကမ္ဘာတည်သရွေ့ကွဲ့လေး ။      ။

နန်းဧ ကရီ

""နံ့သာတေးတို့ မွှေးမြစေ ""

""နံ့သာတေးတို့ မွှေးမြစေ ""
______________________  ( သုံးချက်ညီ ရှစ်ဆယ်ပေါ် တေးထပ် )  ၁၈၆

ကျမ်းမပါ ရမ်းကာ မှန်းစာချတော့
အသွမ်းသာဗျ   သိကြဟန်
အလှမ်းကွာစွ   ကဝိလှစံကွယ်
ညှိကြတဖန်  ကျမ်းကိုကိုး။
ရောင်ရမ်း ဘောင်လှမ်း ရှောင်စမ်းလေကွယ်
နောင်ပန်းမသွေ လန်းဖြာတင့်ဖို့ကြိုး။

ကျမ်းအရှိ  လမ်းသိ ထမ်းညှိဖော်လျင်
လန်း၏ အကျော်  ပွင့်စုံဖြိုး။
နွမ်းရိ မရော်  ဝင့်မကုန်တိုးလို့
မြင့်ဘုံတစ်ရိုး    ဟန်တင့်တယ်။ 
မြေတစ်ခွင် ဝေလွင်  ရွှေစင်တစ်နှုန်းနဲ့
ဖွေပလ္လင်ထုံး   ရွှေသားမြရံခြယ်။

တေးအပေါင်း ဖွေးကြောင်း မနှေးကောင်းရွယ်ကာ
ရေးနှောင်းတစ်သွယ် စကားရွဲဖြင့်
မခြားပုလဲ  ဆင့်ဆန်းသစ်လွင်
အမြင့်ပန်း ညစ်စင်။ 
တင့်လန်း ကျင့်ခန်း ဖွင့်စမ်းချစ်ခင်အောင်  ချင့်လှမ်းအမြစ်ပင်   ရေစင်သွန်းကွဲ့လေး။    ။

နန်းဧ ကရီ

""အကြွေပန်း""

""အကြွေပန်း""
____________

ပန်းအကြွေ ဘဝပေမို့
လွမ်းနေရပေါ့ မောင်ရေ။

အမြင်မှာ  အမှိုက်လိုမှတ်လျင်လည်း
ရင်အလွှာ  ရှိုက်ငိုမပြတ်ပါဘူး
သခင်သာ  အကြိုက်ဆိုဖြတ်ပါလို့
နေတတ်နိုင်စေ။

အနင်းခံ  ပန်းအဖြစ်ရယ်က
မငြင်းဆန်  နွမ်းအညစ်တွေနဲ့
အဆင်းဟန်  လန်းမသစ်ပေဘု
စွန့်ပစ်ခဲ့  ပတ်ကြားမြေ
ထပ်ခါးလေခဲ့  အမုန်းတွေကြား။

သွေးပျက်ရီမှောင်
ဆွေးချက်ရယ်  ပွေနှောင်ရစ်တာမို့
နေလောင်မြစ်ထဲ လည်စင်းခံ
ဖယ်ငြင်းရန်  ခင်မစွမ်းသာဘု
လည်နင်းပြန်  အသွင်ကြမ်းစေလည်း
(  မောင်ရေ … ) 
လှမ်းဖြတ်သာသွား။       ။

နန်းဧ ကရီ

""မြန်မာ့ သားကောင်း ဟေ့!!!""

""မြန်မာ့ သားကောင်း ဟေ့!!!""
----------------------------------

တို့ပြည်ထောင်  ကချင်သားဟေ့
တမင်မကြွား  လန်းတာ
အသွင်းအား   အစွမ်းသာပေ
တစ်ဝှမ်းကမ္ဘာ. မရှိ။
ညာခြေခတ်  တစ်ချက်ကန်သော်
အသက်နှံ   ဖြုတ်လိုက်မယ်ကြည့်။

စက္ကန့်ပိုင်း  လှည့်ပတ်ရှောင်ကာ
ဒဲ့ထပ်နှောင်    လူထိ။
နှဲ့ဖြတ်သယောင်   အပူမိလို့
ဘူငတိ   ရှုံးပြီ။
ကမ္ဘာပေါ် ပြိုင်ဖက်ရှားတဲ့
နိုင်ဆက်ပွား  ဒို့ ဘာမထီ ။

တို့မြေသား အောင်လမည်တယ်
ဆောင်ပြသည်   လက်ခြေစွမ်းက
တက်နေစန်း   တူအံ့ ထင်
ဇမ္ဗူအနှံ့ တွင်။
ပွဲတောင်းဖို့. စိတ်မှာပြင်သော်
ဖိတ်စာအရင်  ရိုက်ခဲ့ကြလေး။    ။
နိုင်ဦးမယ့်   တိုင်းတစ်ခွင်မှာ
သမိုင်းတွင်  ထွန်းတောက်လိမ့်လေး။    ။

နန်းဧ ကရီ