""အကြွေပန်း""
____________
ပန်းအကြွေ ဘဝပေမို့
လွမ်းနေရပေါ့ မောင်ရေ။
အမြင်မှာ အမှိုက်လိုမှတ်လျင်လည်း
ရင်အလွှာ ရှိုက်ငိုမပြတ်ပါဘူး
သခင်သာ အကြိုက်ဆိုဖြတ်ပါလို့
နေတတ်နိုင်စေ။
အနင်းခံ ပန်းအဖြစ်ရယ်က
မငြင်းဆန် နွမ်းအညစ်တွေနဲ့
အဆင်းဟန် လန်းမသစ်ပေဘု
စွန့်ပစ်ခဲ့ ပတ်ကြားမြေ
ထပ်ခါးလေခဲ့ အမုန်းတွေကြား။
သွေးပျက်ရီမှောင်
ဆွေးချက်ရယ် ပွေနှောင်ရစ်တာမို့
နေလောင်မြစ်ထဲ လည်စင်းခံ
ဖယ်ငြင်းရန် ခင်မစွမ်းသာဘု
လည်နင်းပြန် အသွင်ကြမ်းစေလည်း
( မောင်ရေ … )
လှမ်းဖြတ်သာသွား။ ။
နန်းဧ ကရီ
No comments:
Post a Comment