Thursday, March 1, 2018

""နံ့သာတေးတို့ မွှေးမြစေ ""

""နံ့သာတေးတို့ မွှေးမြစေ ""
______________________  ( သုံးချက်ညီ ရှစ်ဆယ်ပေါ် တေးထပ် )  ၁၈၆

ကျမ်းမပါ ရမ်းကာ မှန်းစာချတော့
အသွမ်းသာဗျ   သိကြဟန်
အလှမ်းကွာစွ   ကဝိလှစံကွယ်
ညှိကြတဖန်  ကျမ်းကိုကိုး။
ရောင်ရမ်း ဘောင်လှမ်း ရှောင်စမ်းလေကွယ်
နောင်ပန်းမသွေ လန်းဖြာတင့်ဖို့ကြိုး။

ကျမ်းအရှိ  လမ်းသိ ထမ်းညှိဖော်လျင်
လန်း၏ အကျော်  ပွင့်စုံဖြိုး။
နွမ်းရိ မရော်  ဝင့်မကုန်တိုးလို့
မြင့်ဘုံတစ်ရိုး    ဟန်တင့်တယ်။ 
မြေတစ်ခွင် ဝေလွင်  ရွှေစင်တစ်နှုန်းနဲ့
ဖွေပလ္လင်ထုံး   ရွှေသားမြရံခြယ်။

တေးအပေါင်း ဖွေးကြောင်း မနှေးကောင်းရွယ်ကာ
ရေးနှောင်းတစ်သွယ် စကားရွဲဖြင့်
မခြားပုလဲ  ဆင့်ဆန်းသစ်လွင်
အမြင့်ပန်း ညစ်စင်။ 
တင့်လန်း ကျင့်ခန်း ဖွင့်စမ်းချစ်ခင်အောင်  ချင့်လှမ်းအမြစ်ပင်   ရေစင်သွန်းကွဲ့လေး။    ။

နန်းဧ ကရီ

No comments:

Post a Comment