""ဒုက္ခနယ်တွင်း ငြိမ်းစေရာ "" ၁၇၇
________________________ ( ရှစ်ဆယ်ပေါ်တေးထပ် )
မနက်နေရောင် . ဝပ်ဆင်းသက်လို့
ချွတ်နင်းအထွက် ညယံသည်
မွတ်ဝင်းမပျက် လှဟန်ကြည်တယ်
မြစံပန်းချီ ဆေးခြယ်ထား။
အိပ်စက်လွန်မြောက် သည်နေ့တာမယ်
ကြည်မွေ့စရာ ကြုံကြိုက်ကြစေသား။
ကိုယ်ချင်းစာမှု ဆောင်ကြခင်သော်
အမှောင်မှကြဉ် မိတ်ဆွေများ။
နောင်တ မဝင် စိတ်အနေပွားလို့
အရိပ်တွေခြား လင်းဉာဏ်ပေါ် ။
ပုထုဇဉ်နယ် သိုက်မြုံနန်းက
စရိုက်စုံဆန်း ကြုံတွေ့ပေလိမ့်နော်။
ကိုယ်နှုတ်နှလုံး သုံးပါးပေါ်တွင်
မုန်းအားမလျော် ထားရှိခြင်းတို့
ပွားအသိရင်း ရှောင်ရှားစင်ကြယ်
နောင်များ အရွှင်ကြွယ်။
ဘုံသုံးဆယ့်တစ် ဒုက္ခနယ်ပါ
မုချတကယ် ငြိမ်းအောင်နေသင့်လေး။ ။
နန်း ဧကရီ
No comments:
Post a Comment