ချစ်သူများနေ့ လက်ဆောင်
______________________ ( တေးထပ် ၂ ပုဒ် ) :၁၇၈ / ၁၇၉
စားကြစေ ချောကလက်
ပြောမထွက် ခုခါ
နှောအဖက် သမုညှာရေ
အပြုမှာ နစ်မြဲ။
စိမ်းစားဥ တွဲစားပါလေ
ကွဲသွားခါ သေဖို့တွက်ပဲ၊၊
ချစ်တုန်းခိုက် ကြည်သာချိုပေ
မဒီမှာအို သူခွဲ ။
ဖီလာဆို မယူရဲတော့
လူအထဲ ခက်ပွေ။
အဆင့်ကျော် ချစ်သူနေ့ဖြင့်
ညစ်အပူတွေ့. ပျိုတို့မှာပေ။
ဝယ်ဆောင်ကြ. သည်မှာလေကွယ်
မဒီညှာဆွေ တွဲဖက်စားကြ
ခွဲထွက်သွား တိမ်းသွားခုနော်
စိမ်းစားဥတော်။
အလိုလိုက် အကြိုက်ပျော်လျင်
အငိုက်ချော် လဲတတ်ရဲ့လေး။ ။
""ဟောသည်က စိမ်းစားဥတွေ ရမယ် ""
_______________________________
ချစ်လက်ဆောင် ပေးလာခိုက်
ပြေးကာပိုက် ယူပေ
နွေးဖြာလှိုက် အတူနေသည်
တစ်မူလေ.ဖျက်ဆီး။
အပျိုတို့. ထိမ်းအပ်ရာကို
တိမ်းဖြတ်ကာ တိုးဖောက်ခရီး။
ပျော်မောမေ့ ရက်များကြာသော်
ရှက်အားဖြာ ပျိုညည်း ။
ခက်သားကွာ အလိုပြီးတော့
အပို ကြီး ရှောင်ခွာ။
သေလိုက်ချင် ချောကလက်ဖြင့်
နှော အဖက် စိမ်းစားဥပါ။
ယူထားကြ. မတ်အဟွာရေ
ထပ်တစ်ခါ လာမရောင်းမို့
အခါမနှောင်း သေဆေးယူချင်
ဖြေရေး ပူပင်။
သေလိုက်ကြ. အရမ်းကြင်ကာ
အဆန်းထွင် နေသူတို့လေး။ ။
နန်းဧ ကရီ
No comments:
Post a Comment