""ပဲပြုတ်နံပြား အမြဲပျော်စေချင် ""
____________________________
( ရှစ်ဆယ်ပေါ်. တေးထပ် ) ၁၈၀
ဖေဖေါ်ဝါရီ ဆယ့်သုံးရောက်တော့
မယ့်ဘုန်းတစ်ယောက် ဂုဏ်လွှမ်းထင်
တကယ့် နုန်းလောက် အကုန်လွမ်းချင်သည်
စုံအကန်းပင် သည်နေ့များ။
တစ်ရက်သာပဲ အမွှန်းတင်ကာလေ
ယွန်း ကျင် မလာ ပဲပြုတ်နဲ့ နံပြား။
အဖေပြောခဲ့ နည်းစနစ်ထွေကို
ပြီးပစ်သလေ ဘေးချိတ်ထား။
မှီးမချစ်ပေ ဆွေးစိတ်ပွားအောင်ဖြင့်
တွေးအတိတ်အား ပြန်မခေါ်။
လွမ်းရက်မှာပင် သက်ပြတ်ဆွေးလို့
ဖျက်ဖြတ်မတွေး ကျန်ရက်များဖြင့်နော်။
တကယ်တမ်းဖြင့် ချစ်ခင်သော်ကွယ်
ညစ်သွင်မလျော် ပြုကြံခြင်းတို့
ခုပြန်မနှင်း ညွှန်ကြားခဲ့ပေ
အမွန်တရားနဲ့နေ။
နံပြားပဲပြုတ် အသည်းအက်ကြွေအောင်
ခွဲထွက်မလေ. မလုပ်ကြပါနဲ့လေး။ ။
ဖခင်ဗိုလ်ချုပ် စဉ်မြဲပျော်စေကွယ်
ခင်တွဲဖော်ဆွေ ကမ္ဘာတည်သရွေ့ကွဲ့လေး ။ ။
နန်းဧ ကရီ
No comments:
Post a Comment